KK park မှ တိမ်းရှောင်လာသူ တချို့ကို ဖားအံသို့ BGF ပို့ဆောင်ပေး

KK park မှ တိမ်းရှောင်လာသူ တချို့ကို ဖားအံသို့ BGF ပို့ဆောင်ပေး
Photo credit - CJ
Photo credit - CJ

အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကြောင့် နာမည်ကျော်နေသည့် မြဝတီ မြို့နယ်၊ KK park ဝန်းမှ ယခုရက်ပိုင်းအတွင်း ဝရုန်းသုန်းကာ ထွက်ပြေးလာသည့် အလုပ်သမားများထဲမှ တချို့ကို BGF က ဖားအံ မြို့ပေါ် ဟိုတယ်များသို့ ပို့ဆောင်ပေးထားသည်ဟု မျက်မြင်တွေ့သူ မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

BGF က ဖားအံသို့ ပို့ပေးသူများတွင် နည်းပညာပိုင်းကျွမ်းကျင်သူများနှင့် ငွေကြေးတက်နိုင်သူ တရုတ်လူမျိုး များပါဝင်သည်ဟု ဖားအံမြို့ခံများအကြား ပြောဆိုနေသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေ ဆဲဖြစ်သည်။ ၎င်းတို့ ဖားအံမြို့ပေါ် ဟိုတယ်များ၌ တည်းခိုရောက်ရှိနေမှုအပေါ် မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“မြဝတီဘက်ကတရုတ် သူဌေး တွေ၊ အိုင်တီ သမားတွေ ဖားအံဆင်းလာကြတာအများကြီးဘဲ ရောက်နေ တယ်။ ဂါဗနာဟိုတယ်တို့ ကန်သာဦးဟော်တည်တို့နဲ့ ဇွဲကပင်ပန်းခြံ ဟော်တယ်တို့မှာ အများကြီးဘဲ။ စစ်တပ်က ဖမ်းတာ၊ စစ်တာမျိုး မရှိဘူး။ BGF ကားနဲ့ဘဲသွားလာနေတယ်။ ဟိုတည်တွေမှာ BGFတွေ ရှိနေတယ်။ မြန်မာ‌-တရုတ်စကားပြန်တွေလည်းပါတယ်။ တစ်ခြားနေရာတွေမှာလည်းတရုတ်တွေ ရောက်နေတယ်” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် KK park ဝန်းမှ ထွက်ပြေးလာသူ နိုင်ငံခြားသား ငွေလိမ်အလုပ်သမားများ မြဝတီ၊‌ ရွှေကုက္ကိုလ်၊ ကျောက်ခက် စသည့် နေရာများရှိ BGF / DKBA တပ်ဖွဲ့ နေရာများတွင် ရွှေ့ပြောင်း နေထိုင် နေကြသလို၊ ထိုင်နိုင်းငံဘက်မှ တစ်ဆင့် နေရပ်ရင်းပြန်ပို့ ရန် ယာယီထိမ်းသိမ်းခံရသူ ၁,၁၀၀ ဦး ကျော်အထိ ရှိကြောင်း သိရသည်။

“မြဝတီမှာ တရုတ်တွေ ဖားအံ၊ ရန်ကုန်၊ မန္တ‌လေး အထိ ကားစင်းလုံးငှားပြီး သွားနေကြတယ်။ အရပ်သား ကားတွေတော့ သူတို့ကို မပို့ရဲဘူး။ စစ်တပ်နဲ့ ပေါင်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကလူတွေ ကတော့ ကားစီးလုံးပြတ် ရန်ကုန်ကိုတစ်ယောက် သိန်း၂၀၀‌လောက်အထိ တောင်းပြီး လိုက်ပို့တာမျိုး ရှိတယ်။ လမ်းမှာ အစစ်အဆေးကတော့ အဆင်ပြေသလို ဂိတ်ကြေး ပေးပြီး ရှင်းပေါ့” ဟု မြဝတီသို့ ရွှေ့ပြောင်း ရောက်ရှိကာ ခရီးသည်တင်ကား မောင်းနေသူ တဦးက ပြောသည်။

အဆိုပါတရုတ်ငွေလိမ်လုပ်ငန်းKKpark ခြံဝင်းအား စစ်အုပ်စု နှင့် BGF တပ်ဖွဲ့ မှ ထိမ်းချုပ်ထားသည်ဟု သတင်း များပြန့်နှံ နေသော်လည်း အဆိုပါ နေရာအနီးတစ်ဝိုက်ရှိ AApark ခြံဝင်း၊ ဧကတစ်ရာ တရုတ်ငွေလိမ်လုပ်ငန်းခြံဝင်းများမှာ ဆက်လက် လည်ပတ်လုပ်ကိုင်နေကြဆဲဖြစ်ကြောင်းမြေပြင်သတင်း အရင်းအမြစ် များထံမှ စုံစမ်းသိရှိရပါသည်။

ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...
Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...
June 30, 2026
ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို...