ကန်ပက်လက်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ဆက်တိုက်ပြုလုပ်

ကန်ပက်လက်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ဆက်တိုက်ပြုလုပ်
Photo credit - CDF - ကန်ပက်လက်
Photo credit - CDF - ကန်ပက်လက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကို ယနေ့မနက်ပိုင်းက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ပြီး ဗုံးကြဲတိုက်ခိုက်သွားသည်ဟု CDF - ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လေကြောင်းတိုက်ခိုက်ခံရတာ ဟုတ်ပါတယ်။ ၂ ကြိမ်တိုက်ခိုက်ခံရတယ်။ ပထမတစ်ကြိမ်က တစ်လုံးနဲ့ ဒုတိယတစ်ကြိမ်က ၂ လုံးနဲ့ တိုက်ခိုက်ပါတယ်။ မြေပြင်အနေအထားကတော့ သတင်းအချက်အလက်တွေ အတည်ပြုလို့တော့ မရသေးပါဘူး” ဟု CDF - ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာသန်းရွှေက ပြောသည်။

ယနေ့ အောက်တိုဘာလ ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကန်ပက်လက်မြို့အနောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ရာ ပထမတစ်ကြိမ်မှာ ဗုံး ၁ လုံး၊ ဒုတိယအကြိမ်တွင် ဗုံး ၂ လုံးဖြင့် တိုက်ခိုက်သွားသည်ဟု သိရသည်။

ဂျက်ဖိုက်တာ ၂ စီးဖြင့် ကန်ပက်လက်မြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု အဆိုပါဖြစ်စဉ်ကို သိရှိသော ဒေသခံ တစ်ဦးကလည်း ပြောသည်။

အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇန်မြို့နယ်တိုမှာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် ၆ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း၊ အရပ်သားနေအိမ်များနှင့် အဆောက်အဦးများလည်း ပျက်စီးကြောင်း သိရသည်။

March 21, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေး၌...
March 20, 2026
ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းလဲန်တည်ဆောက်ရေးအတွက် အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့...
March 19, 2026
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ထဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်နှင့်...
March 18, 2026
စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလှုံကြသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင်...