ပုလော မင်းပြင်ရွာကို စစ်ကော်မရှင်တပ် မီးထပ်ရှို့

ပုလော မင်းပြင်ရွာကို စစ်ကော်မရှင်တပ် မီးထပ်ရှို့

တနင်္သာရီတိုင်း ပုလောမြို့နယ် မင်းပြင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ထပ်မံပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းမှာ ပလမြို့အနီးရှိ မင်းပြင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ကျေးရွာအတွင်းရှိ နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မင်းပြင်ကျေးရွာက နေအိမ် ၅ လုံးထက်မနည်း မီး လောင်ပျက်စီးခဲ့တယ်လို့ ပုလောအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာလည်း မင်းပြင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ အင်အားအများအပြား ပလမြို့ဘက်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာကာ မင်းပြင်ကျေးရွာမှာ တပ်စွဲနေထိုင်နေပြီး သုံးကြိမ်ထက်မနည်း ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေရ အောက်တိုဘာ ၆ ရက်၊ ၈ ရက်နဲ့ ၁၃ ရက်နေ့တို့မှာ မင်းပြင်ကျေးရွာရှိ နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း မင်းပြင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး အထိနာသွားတာကြောင့် ကျေးရွာအတွင်းရှိ နေအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Most read this week

ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...