နမ့်ဆန်တွင် စစ်တပ် ဗုံးထပ်ကြဲ၊ မိန်းကလေးတစ်ဉီး သေဆုံးပြီး တစ်ဉီးဒဏ်ရာရ

နမ့်ဆန်တွင် စစ်တပ် ဗုံးထပ်ကြဲ၊ မိန်းကလေးတစ်ဉီး သေဆုံးပြီး တစ်ဉီးဒဏ်ရာရ
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် နမ့်ဆန်မြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက် ၇ နာရီ ဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် အုမ်းမစွမ်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီမနက်ကို ထပ်ကြဲသွားတာ။ ဒဏ်ရာရတာက ၂ ယောက်။ အဲ့ထဲက ၁ ယောက်က ဆုံးသွားတယ်။ ဆုံးသွားတာက အသက် ၁၇ နှစ်အရွယ် ကျောင်းသူပါ။ မနေ့က ဗုံးကြဲခံရတဲ့ ကယားကြီးကျေးရွာနဲ့လည်း သိပ်မဝေးဘူး”ဟု ၎င်းစစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (အောက်တိုဘာလ ၁၃ ရက်) တွင်လည်း TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး ၆ လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီး စာသင်ကျောင်း ၂ ဆောင်နှင့် ပြည်သူနေအိမ် ၆ အိမ် ထိမှန်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်တွင်လည်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် မိုင်းလုံမြို့အကြား စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လယ်ကြီးကျေးရွာအနီး ဗုံးတစ်လုံးနှင့် ပဇီကျေးရွာအနီး ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် သီပေါမြို့ဘက်ကို မြေပြင် စစ်ကြောင်းထိုးနေပြီး TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့၊ မိုင်းငေါ့မြို့၊ နမ္မတူမြို့၊ နမ့်ဆန်မြို့နှင့် မန်တုံမြို့တို့ကို လေကြောင်းဖြင့် ဖိအားပေး တိုက်ခိုက်နေပြီး အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာသည်။

February 10, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့်...
February 9, 2026
စိုင်းဟန်လင်း — ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က...
February 7, 2026
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း...
February 6, 2026
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို...