ဗန်းမောက်မြို့ပေါ် စစ်ဘေးရှောင်တွေရဲ့ နေအိမ်၊ စျေးဆိုင်များ ဖောက်ထွင်းခံနေရ

ဗန်းမောက်မြို့ပေါ် စစ်ဘေးရှောင်တွေရဲ့ နေအိမ်၊ စျေးဆိုင်များ ဖောက်ထွင်းခံနေရ

ဗန်းမောက်မြို့ပေါ်မှာ နှစ်ပတ်အတွင်း စစ်ဘေးရှောင်တွေရဲ့ နေအိမ်၊ စျေးဆိုင်ခန်းတွေ ဖောက်ထွင်းခံရမှု များပြားနေကြောင်း သိရပါတယ်။

“ဆိုင်တွေ ဘယ်သူတွေ ဖောက်မှန်းမသိ။ နောက်ထပ် အများကြီး ဖောက်ခံထားရသေးတယ်။ ပထမဖောက်တာ အစ်ကိုတို့ ဆိုင်ပါတယ်။ အရီးတင်ထားတဲ့ ပစ္စည်းတွေတင် သိန်းတစ်ရာဖိုး၊ ညီမ တင်ထားတာပါပေါင်းရင် ထောင်ကျော်မယ်။ တင်ထားတဲ့ပစ္စည်းတွေက သူတို့ အကြိုက်တွေချည်းပဲ၊ ဆိုလာ၊ ဘက်ထရီ၊ မီးထွန်းတာတွေ” လို့ စျေးဆိုင်ခန်းဖောက်ခံရသူတစ်ဦးက ရှမ်းနီအသံကိုပြောဆိုပါတယ်။ 

အောက်တိုဘာ ၁၅ ရက်နေ့အတွင်း မြို့အတွင်းကို ပစ္စည်းဝင်ရောက်သယ်ယူဖို့ KIA+PDF တွေက မြို့ထဲ ဝင်ရောက် ခွင့်ပြုလိုက်ပေမယ့် တန်ဖိုးကြီးပစ္စည်းတွေဟာ ခိုးယူခံရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

ရှမ်းနီအသံကို ဆက်သွယ်ပြောဆိုမှုတွေထဲမှာ ဖုန်းဆိုင်၊ ကုန်မာနဲ့ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ရွှေဆိုင်များနဲ့ နေအိမ်တချို့ဖောက်ထွင်းခံခဲ့ရပြီး ကျပ်သိန်း ထောင်နှင့်ချီ တန်ဖိုးရှိတယ်လို့ ပြောဆိုကြပါတယ်။ 

ဗန်းမောက်မြို့ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ NUG ရဲ့ဒေသကာကွယ်ရေးတပ် PDF တွေနဲ့ KIA တို့ပူးပေါင်းပြီး မြို့ကို အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ 

မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာ ဒေသခံထောင်နဲ့ချီဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို တိမ်းရှောင်ကြတာဖြစ်ပါတယ်။

“ပြန်ရမယ်ဆိုရင်တော့ သေသေချာချာ ပြန်စစ်ကြည့်ရအုံးမယ်။ ဘာတွေ မရှိတော့ဘူးဆိုတာ။ ဘာမှ မရှိတော့ဘူးဆိုပြီး လာပြောကြတာလည်းရှိတယ်။ SNA ရှိတုန်းကတော့ ဒီလိုမရှိဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတော့” လို့  စစ်ဘေးရှောင်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ ဗန်းမောက်မြို့အနီးမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြို့ပြန်လည်ရရှိရေးအတွက် SNA က တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဗန်းမောက်မြို့ရဲ့ အနောက်ဘက်ဒေသ ကြောင်လည်ကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...