ဟားခါးမြို့မှာ ဘုရားကျောင်းမှအပြန် ဖမ်းဆီးခံရသော လူငယ် ၁၀ ဦး ပြန်လွတ်လာ၊ ၆ ဦးကို ဆက်လက်ဖမ်းထားဆဲ

ဟားခါးမြို့မှာ ဘုရားကျောင်းမှအပြန် ဖမ်းဆီးခံရသော လူငယ် ၁၀ ဦး ပြန်လွတ်လာ၊ ၆ ဦးကို ဆက်လက်ဖမ်းထားဆဲ
Photo credit - CJ
Photo credit - CJ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဘုရားကျောင်းမှအပြန် ဖမ်းဆီးခံရသူများအနက် (၁၀) ဦးကို စစ်ကော်မရှင်က ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ (၅) ရက် တနင်္ဂနွေနေ့ညတွင် အဆိုပါ လူငယ် ၁၀ ယောက်ကို စစ်ကော်မရှင်က လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ လူငယ် (၆) ဦးသာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

ဟားခါးမြို့ဒေသခံတစ်ဦးက "မနေ့ညက (၁၀) ယောက် လွှတ်ပေးတယ်။ အခုက (၆) ယောက် ကျန်သေးတယ်။ အခုလွှတ် ပေးလိုက်တဲ့သူတွေကတော့ ဘာအပြစ်မှမရှိလို့ လွှတ်ပေးတာပေါ့နော်။ နောက်ကျန်တဲ့ (၆) ယောက်ကလဲ ဘာအပြစ်မှ လုပ်ထားတာတော့ မဟုတ်ဘူးဗျ။ ဒီတိုင်းမြို့ထဲမှာ နေနေတဲ့လူငယ်တွေပေါ့နော်။ သူတို့ကိုလဲ နောက်အချိန်တန်ရင် ပြန် လွှတ်ပေးမှာပါ။ တစ်ခါတည်းနဲ့ အကုန်လွှတ်မပေးချင်တဲ့ သဘောထင်ပါတယ်” ဟု ပြောသည်။

ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက် တနင်္ဂနွေနေ့လည်ပိုင်းက HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်များနှင့် ဟားခါး-ဂန့်ဂေါလမ်းမရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြသော မြို့ခံလူငယ် စုစုပေါင်း (၄၀) ခန့်ကို စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် ကျောင်းသား (၇) ဦးနှင့် ဆေးရုံဆင်းလာခါစ လူငယ် (၁) ဦးတို့ကို ပထမအသုတ်အဖြစ် ဩဂုတ်လအတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့ပြီးနောက် အခြားသူများကိုလည်း အသုတ်လိုက်ဖြင့်ပြန်လွှတ်ပေးခဲ့ရာမှာ (၆) ဦး သာကျန်ရှိတော့သည်ဟုသိရသည်။

May 23, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့...
May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...