ဒိုင်ရ်ဒေသမှာ ရာသီတုပ်ကွေးကြောင့် ဖျားနာတဲ့လူ ဆက်များနေပြီး ဆေးဝါးအခက်အခဲ ကြုံတွေ့နေရ

ဒိုင်ရ်ဒေသမှာ ရာသီတုပ်ကွေးကြောင့် ဖျားနာတဲ့လူ ဆက်များနေပြီး ဆေးဝါးအခက်အခဲ ကြုံတွေ့နေရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ပလက်ဝမြို့နယ်အစပ်တွေမှာ တည်ရှိတဲ့ ဒိုင်ရ်ချင်းမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) မှာ ရာသီတုပ်ကွေးကြောင့် ဖျားနာတဲ့ လူနာ ဆက်လက်များနေပြီး ဆေးဝါးအခက်အခဲလည်း ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒိုင်ရ်ဒေသမှာ နေထိုင်သူတစ်ဦးက “လူသေဆုံးမှုတော့ မရှိတော့ဘူး ဒါပေမယ့် အဖျားအနာက တောက်လျှောက် များနေကြတုန်းဖြစ်တယ်။ တချို့မဖျားသေးတဲ့သူတွေ ဖျားနာကြတာပေါ့။ ကူးစက်တဲ့ ပုံစံမျိုးပေါ့။ ဖျားနာပြီးသူတွေတချို့က သက်သာကြပြီ။ လက်ရှိ ဆေးဝါးတွေ သယ်ယူစရိတ်တွေကြောင့်လေး၊ ငါးဆလောက်ပေးဝယ်ပြီး ဆေးကုသပေးနေရတော့ မလွယ်ဘူး။ ဆေးဝါးအခက်ခဲဖြစ်တယ်။ ဒေသအုပ်ချုပ်ရေးဘက်ကိုလည်း တင်ပြထားတာတွေတော့ ရှိတယ်။ အဖျားအနာတွေက မကျသေးဘူးဆိုတော့ အဓိကတော့ ဆေးဝါး ရရှိဖို့အခက်ခဲတော့ ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ပလက်ဝမြို့နယ်အစပ်တွေမှာ တည်ရှိတဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) မှာ ကလေး၊ လူကြီးတွေ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ လူနာများခဲ့သလို ပြီးခဲ့တဲ့ ၄ လအတွင်း ကလေးငယ် ၅ ဦးအထိလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်များ ဖျားနာမှုရှိကာ သေဆုံးမှုရှိခဲ့တာတွေကြောင့် ကျောင်းတွေကိုလည်း ယာယီပိတ်ခဲ့ရပြီး နောက်ပိုင်း အဖျားအနာကြောင့် ကလေးသေဆုံးမှု မရှိတော့တာကြောင့် ကျောင်းတွေကိုလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကစလို့ ပြန်ဖွင့်ပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဒိုင်ရ်လူမျိုးစုတွေ နေထိုင်ကြတဲ့ ဒိုင်ရ်ဒေသမှာ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းကနေ ရာသီတုပ်ကွေး အဖြစ်များခဲ့တာဖြစ်ပြီး နောက်ပိုင်း ပြန်သက်သာပြီး စက်တင်ဘာလ ပထမပတ်လောက်ကစလို့ ဒုတိယအကြိမ် ငှက်ဖျား၊ သွေးလွန် တုပ်ကွေးတွေ ပြန်အဖြစ်များလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...