စစ်ကော်မရှင်က လန်ဆယ်ဒေသကို လေကြောင်းတိုက်ခိုက်၊ ဒေသခံ၂ ဦးသေဆုံးဟုဆို

စစ်ကော်မရှင်က လန်ဆယ်ဒေသကို လေကြောင်းတိုက်ခိုက်၊ ဒေသခံ၂ ဦးသေဆုံးဟုဆို

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ဆော့လော်မြို့နယ်၊ လန်ဆယ် (Lang Se) ရွှေမှော်ဒေသကို စစ်ကော်မရှင်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီကျော်အချိန်မှာ စစ်ကော်မရှင်က လေယာဉ်နဲ့ ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ ဦးသေဆုံးခဲ့တာဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လေယာဉ်နဲ့ ဗုံးကြဲသွားတာ လန်ဆယ် KIA ရုံးအနီးကို။" လို့ ပြောပါတယ်။

နီးစပ်သူတဲ့ ထပ်မံပြောပြချက်အရ လက်ရှိအချိန်ထိ သေဆုံးမှုနဲ့ ထိခိုက်‌ဒဏ်ရာရမှုကို အတိအကျ အတည် မပြုနိုင်သေးပေမဲ့ ဒေသခံ ၂ ဦး သေဆုံးပြီး ဒဏ်ရာရှိသူတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ရွှေကူမြို့နယ်က KIA ထိန်းချုပ်ရာ နယ်မြေဘက် စစ်ကော်မရှင်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သင်တန်း‌တက်ရောက်နေသူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

ဆော့လော်မြို့နယ်ကို မနှစ် ၂၀၂၄ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ တိုက်ခိုက် သိမ်းပိုက်ထားတာဖြစ်ပြီး လန်ဆယ်ဒေသဟာ ရွှေတူးဖော်ရေး လုပ်ငန်းကို အဓိက လုပ်ကိုင်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲဒီလန်ဆယ်ဒေသကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေကနေ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Photo credit - CJ

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...