စစ်ကော်မရှင်က လန်ဆယ်ဒေသကို လေကြောင်းတိုက်ခိုက်၊ ဒေသခံ၂ ဦးသေဆုံးဟုဆို

စစ်ကော်မရှင်က လန်ဆယ်ဒေသကို လေကြောင်းတိုက်ခိုက်၊ ဒေသခံ၂ ဦးသေဆုံးဟုဆို

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ဆော့လော်မြို့နယ်၊ လန်ဆယ် (Lang Se) ရွှေမှော်ဒေသကို စစ်ကော်မရှင်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီကျော်အချိန်မှာ စစ်ကော်မရှင်က လေယာဉ်နဲ့ ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ ဦးသေဆုံးခဲ့တာဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လေယာဉ်နဲ့ ဗုံးကြဲသွားတာ လန်ဆယ် KIA ရုံးအနီးကို။" လို့ ပြောပါတယ်။

နီးစပ်သူတဲ့ ထပ်မံပြောပြချက်အရ လက်ရှိအချိန်ထိ သေဆုံးမှုနဲ့ ထိခိုက်‌ဒဏ်ရာရမှုကို အတိအကျ အတည် မပြုနိုင်သေးပေမဲ့ ဒေသခံ ၂ ဦး သေဆုံးပြီး ဒဏ်ရာရှိသူတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ရွှေကူမြို့နယ်က KIA ထိန်းချုပ်ရာ နယ်မြေဘက် စစ်ကော်မရှင်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သင်တန်း‌တက်ရောက်နေသူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

ဆော့လော်မြို့နယ်ကို မနှစ် ၂၀၂၄ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ တိုက်ခိုက် သိမ်းပိုက်ထားတာဖြစ်ပြီး လန်ဆယ်ဒေသဟာ ရွှေတူးဖော်ရေး လုပ်ငန်းကို အဓိက လုပ်ကိုင်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲဒီလန်ဆယ်ဒေသကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေကနေ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Photo credit - CJ

January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...
January 15, 2026
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကော်မရှင်တို့ကြား မနေ့က...
January 14, 2026
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၇ ရွာက တိုက်ပွဲရှောင်ဒေသခံပြည်သူတွေဟာ...