မင်းတပ်မြို့ပေါ် ၂ နေရာ ဂျက်ဖိုက်တာ ၂ စီးဖြင့်‌ လေကြောင်းတိုက်ခိုက်ခံရ၊ နေအိမ် ၇ လုံးပျက်စီး

မင်းတပ်မြို့ပေါ် ၂ နေရာ ဂျက်ဖိုက်တာ ၂ စီးဖြင့်‌ လေကြောင်းတိုက်ခိုက်ခံရ၊ နေအိမ် ၇ လုံးပျက်စီး
photo credit - CJ
photo credit - CJ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၊ စံပြရပ်ကွက်ထဲကို ယမန်နေ့ညတွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နေအိမ် ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးသွားသည်ဟု မင်းတပ်ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၂၁ ရက် ည ၉ နာရီ ၄၀ ဝန်းကျင်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးကို အသုံးပြု၍ မင်းတပ်မြို့ပေါ် စံပြရပ်ကွက်ထဲရှိ ၂ နေရာကို ဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံက ပြောသည်။

“ကနဦးကတော့ အရပ်သားပြည်သူတွေက ထိခိုက်မှု မရှိဘူးလို့ သိပါတယ်။ လေကြောင်းကနေ စံပြရပ်ကွက်ထဲကို တိုက်ခိုက်သွားတာပါ။ နေအိမ်တွေကတော့ ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးသွားတယ်” ဟု မင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့ပေါ်ရှိ နေရာများကို စစ်ကော်မရှင်သည် နေပြည်တော်၊ အေလာလေတပ်မှ ဂျက်ဖိုက်တာများကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုမှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်ကလည်း ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် - ၅၊ ခါပန်းကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး၊ ၂ လုံးကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ချင်းတောင်ပိုင်းရှိ မင်းတပ်အပါအဝင် မြို့များကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်တပ်များကို တိုက်ထုတ်၍ သိမ်းပိုက်ပြီး မြို့အုပ်ချုပ်ရေးယန္တရားများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ လည်ပတ်နေကြောင်းသိရသည်။

Most read this week

February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...
February 9, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်များနှင့်...