မြိတ်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းအတွက် တရွာလျှင် ကျပ်သိန်း ၅၀ ပေးရန် တောင်းခံ

မြိတ်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းအတွက် တရွာလျှင် ကျပ်သိန်း ၅၀ ပေးရန် တောင်းခံ
Photo credit - CJ
Photo credit - CJ

မြိတ်မြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် စစ်မှုထမ်းအတွက် တစ်ရွာလျှင် ကျပ်သိန်း ၅၀ ပေးရန် ခြိမ်းခြောက် ကောက်ခံမှုများ ရှိနေသည်ဟု ရွာသားများက ပြောသည်။

မဇောကျေးရွာအုပ်စုရှိ တောတန်းကျေးရွာနှင့် အ‌ရှေ့တောင်ကျေးရွာတို့တွင် ယခု စက်တင်ဘာလမှ စတင်၍ လစဉ် တစ်ရွာကို ကျပ်သိန်း ၅၀ ပေးရမည်ဟု ရာအိမ်မှူးများက စက်တင်ဘာလ ၁၅ ရက်နေ့တွင် နေအိမ်များကို ဖုန်းဆက် အကြောင်းကြားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

အသက် ၄၀ ခန့်အရွယ် တောတန်း ရွာသားတစ်ဦးက “တောင်းထားတဲ့ ပိုက်ဆံမပေးရင် စစ်တပ်ခေါ်လာပြီး တွေ့တဲ့လူ အကုန်လုံး ဖမ်းခိုင်းမယ်လို့လည်း ခြိမ်းခြောက်တယ်။ နောက်ပြီးတော့ လတိုင်း ပုံမှန်ပေးရမယ်လို့ လည်း ပြောတယ်။ အကြမ်း တွက်ကြည့်တာ အိမ်တစ်ဆောင်ကို ရှစ်သောင်းလောက်ကျတယ်။ ရွာသားတွေက စိတ်ပူနေကြရတယ်လေ” ဟု ပြောသည်။

တောင်းထားသည့် ပိုက်ဆံကို မပေးဆောင်ကြပါ အုပ်ချုပ်ရေးမှူးများက စစ်တပ်ဖြင့် ဖမ်းခိုင်းမည်ဟု ပြောဆိုနေ ကြောင်း ရွာသားများက ပြောသည်။

ဖုန်းမှ ဆက်သွယ် ခြိမ်းခြောက်မှုကို မ‌ဇောကျေးရွာအုပ်စုရှိ တောတန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းတို့နှစ်ဦးမှာ ကျေးရွာထဲ၌ ရှိမနေဘဲ မြိတ်မြို့ပေါ်တွင် သွားရောက် တိမ်းရှောင်နေသူများ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

မဇောကျေးရွာအုပ်စု အတွင်းရှိ ရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြရပြီး လက်ရှိတွင် ကုန်စျေးနှုန်းကြီးမြင့်သည့် ဒဏ်ကြောင့် စားဝတ်နေရေးပိုင်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်မှ ပုံစံအမျိုးမျိုးသုံးကာ တပ်သားသစ် များကို စုဆောင်းနေပြီး လက်ရှိတွင်လည်း စစ်မှုထမ်းအပတ်စဥ် ၁၈ အတွက် တပ်သားသစ်များကို စုဆောင်း လျက် ရှိနေသည်ဟု ရွာသားများက ပြောသည်။

ဓါတ်ပုံ - ရွှေကူစစ်ရှောင်များ
June 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်းသို့ စစ်မျက်နှာခွဲ၍ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ...
June 16, 2026
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ‘NCA Plus’ ဟုခေါ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်...
wikipedia (စစ်တွေမြို့ ဗျူးပွိုင့် )
June 15, 2026
ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသော မင်းဘူး-အမ်း-စစ်တွေ...
June 13, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ အနောက်တောင်ဘက်အစွန်ဆုံးရှိ မိုင်းတုံမြို့နယ်တွင် စစ်တပ်၊ တရုတ်နှင့်...