မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်များ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ရန်စီစဉ်နေ

မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်များ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ရန်စီစဉ်နေ

ကချင်ပြည်နယ်အတွင်းရှိ ပဋိပက္ခနယ်မြေများကနေ မြစ်ကြီးနားမြို့ ၊ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်မှာ ယာယီခိုလှုံစစ်ဘေးတိမ်းရှောင်နေသူများအနေဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပြင်ဆင်စီစဉ်မှုတွေပြုလုပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရပါတယ်။

“ကြိုတင်မဲတော့မပေးတော့ဘူးဗျ ပုံစံ(၃)(က)နဲ့ပဲ ဒီမှာစစ်ရှောင်တယ်ဆိုရင် ဒီမှာပဲမဲပေးဖို့အတွက်ပေါ့လေ ဒါလေးတော့စီစဉ်နေတယ် ကိုယ့်အမျိုးသားရေးကိစ္စဆိုတော့ ပေးကြမယ်လို့တော့ထင်တာပဲ” ဟု စခန်းတာဝန်ခံက စစ်ဘေးရှောင်များကိုယ်စား ပြောပြပါတယ်။

မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စုပေါင်း (၇၀၀)နီးပါး ခိုလှုံနေတာလည်းဖြစ်ပြီး ဗန်းမော်၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ ဆင်ဘို၊ တာလောက်ပြီး၊ ဖားကန့် စတဲ့ ဒေသက ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ 

အဲ့ဒီဒေသတွေဟာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပေမယ့်လည်း စစ်ရေးပြင်းထန်နေဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ 

ယာယီ နေရပ်စွန့်ခွာနေသူများအနေဖြင့် ကြိုတင်မဲမဟုတ်ပဲ လက်ရှိ နေထိုင်ရာ ဒေသတွင်သာ မဲဆန္ဒပေးလိုပါက ရွေးကောက်ပွဲရက်မတိုင်ခင် ရက်ပေါင်း(၆၀)အတွင်း အကြောင်းကြားလျှောက်ထားရမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။ 

ဒီအတွက် အောက်တိုဘာလ (၂၇)ရက်နေ့ကို နောက်ဆုံးထားအကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုနဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေကြသူအနေဖြင့် လာမယ့် ရွေးကောက်ပွဲအတွက် နိုဝင်ဘာလရဲ့ နောက်ဆုံးသီတင်းပတ် ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်း ကြိုတင်မဲဆန္ဒပေးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားပါတယ်။

ကြိုတင်မဲပေးနိုင်ရန်အတွက်တော့ အွန်လိုင်းပေါ်မှဖြစ်စေ၊ ယာယီ ရောက်ရှိထားတဲ့ဒေသရှိ မြို့နယ်ကော်မရှင်ခွဲထံမှ ဖြစ်စေ အောက်တိုဘာလ(၁၂)ရက်နေ့မှာ နောက်ဆုံးထားပြီး သတ်မှတ်ပုံစံများကို ပေးပို့ထားနိုင်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ဟာ လာမယ့် ဒီဇင်ဘာလကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲပထမအပိုင်းမှာ ပါဝင်နေတာဖြစ်ပြီး ပါတီ ၄ ခုထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

Photo credit - CJ

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...