ဝက်လက် မြို့နယ်အတွင်း ဗုံးကြဲမှု အရပ်သား ၄ ဦး သေဆုံး

ဝက်လက် မြို့နယ်အတွင်း ဗုံးကြဲမှု အရပ်သား ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ဧရာဝတီမြစ်ကမ်းဘေးတစ်လျောက်ရှိ ကျေးရွာ ၆ ရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို စက်တင်ဘာ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် လုပ်ခဲ့ ခြင်း ဖြစ်သည်။

Wetlet Informational Network မှ တာဝန်ခံ ကိုနဂါးလေးက “ကျောက်မြောင်းကနေ အောက်ဘက် ဆင်းလာ တဲ့ အထိ မန္တလေး မရောက်မချင်း Y-12 ဝဲပေးပြီးတော့မှ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရွာ ၇ ရွာလောက်ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတယ်။ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာဘက်ကိုလည်း လေကြောင်း တိုက် ခိုက်မှုတွေ ပြုလုပ်သွားတယ်။ အဲ့မှာမှ ကျနော်တို့ ဝက်လက်မြို့နယ်ဘက်က သေဆုံး ပြည်သူ အမျိုးသား ကလေး အပါအဝင် သေဆုံး လေးဦး ရှိပြီးတော့မှ အမျိုးသား၊ အမျိုးသမီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိပါတယ် ဗျ” ဟု ပြောသည်။

ယခုသေဆုံးမှုများမှာ စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှုထဲက အခြေအနေ များ ဖြစ်သည်။

စက်တင်ဘာလ ၉ ရက်နေ့၊ ညနေပိုင်းတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်၊ အင်ဒေါင်း၊ ရုံပင်ကုန်း၊ မင်းကုန်း၊ နဘဲပင်လှ၊ တပ်သာကျေးရွာများကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း သစ်ဆိပ့်ကျေးရွာက စာသင်ကျောင်းကိုလည်း တံတားဦးဘက် မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ထပ်ကြဲခဲ့သေးသည်ဟု Wetlet Informational Network က ထုတ်ပြန်ထားသည်။

ကိုနဂါးလေးက “တံတားဦးတပ်က တက်တဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းက သစ်ဆိပ့် ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်။ ဒီတိုက်ခိုက်မှုမှာ ထိခိုက်တာတွေ မရှိဘူး စာသင်ကျောင်းကို ပြုလုပ်သွားတယ်” ဟု ဆိုသည်။

ဗန်းမော်ဘက်မှ စုန်ဆင်းလာသော စစ်သင်္ဘော ရေယာဉ်တန်းကို လေကြောင်းမှ တစ်ဆင့် အနီးကပ် ခြံရံစောင့် ကြည့်ပေးခဲ့ပြီး ကသာ၊ ရွှေကူနှင့် ထီးချိုင့်မြို့နယ်တို့ကို ဖြတ်လာချိန် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာများကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများသာ နေထိုင်သည့် နေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်သင်္ဘောအချို့မှာ မန္တလေး ဂေါဝန်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိသွားပြီ ဟု ကိုနဂါးလေးက ပြောသည်။

သို့သော်နောက်ချန် စစ်သင်္ဘောအချို့ ကျန်ရှိနေသေးသောကြောင့် လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်ရှိနေ သေးသည်ဟု ဆိုသည်။

နောက်ချန် သင်္ဘောအချို့မှာ မန္တလေးကို မရောက်မှီ မတ္တရာ အနောက်ဘက်ခြမ်းရှိ စိန်ပန်းကုန်း၊ ရှင်လ၊ ဇလ အစရှိသည့် ကျေးရွာများဘက်တွင် ကျန်နေသေးသောကြောင့် ဝက်လက်မြို့နယ်နှင့် မြစ်ဘေးတစ်လျှောက်ရှိ မိဘပြည်သူများ အနေဖြင့် လေကြောင်း သတိထားကြရန် အသိပေး နှိုးဆော်ထားသည်။

Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...
March 24, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့်...
March 23, 2026
ရွေးကောက်ပွဲ ကာလအတွင်း စစ်ကော်မရှင်က နည်းပညာသုံး၍ သတင်းမီဒီယာများကို ဒစ်ဂျစ်တယ်အမှောင်ချပြီး...