ရာဖူးရွာတွင် စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

ရာဖူးရွာတွင် စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
Photo - CJ
Photo - CJ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း တော်လှန်ရေး သတင်းအရင်းမြစ် တစ်ဦးက IMNA သို့ပြောသည်။

ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်။

စစ်ကော်မရှင်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ရာဖူးကျေးရွာ နေအိမ်တစ်အိမ်သို့ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃ နှစ် အရွယ်ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

“မရမ်းချောင်းရွာမှာ အထိုင်ချထားတဲ့ တပ်ရင်း ၂၈၂ ကနေ ပစ်တာပါ။ ပြည်သူတွေကို အကြောက်တရား ဖြစ်အောင် လုပ်နေတာပဲလို့ မြင်တယ်။ ထိခိုက်ဒဏ်ရာရထားတဲ့ သူကိုလည်း လုံခြုံရေးအရ လုံခြုံတဲ့နေရာကို ပို့ထားပေးပါတယ်”ဟု သူက ပြောသည်။

သေဆုံးသွားသည့် ကလေးငယ်သည် ဦးခေါင်းခွံတွင် ထိမှန်ခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ ကလေးငယ်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် အဆိုပါကလေးငယ်၏ ဖခင်ဖြစ်သူကိုလည်း စစ်ကော်မရှင်အဖွဲ့က စက်တင်ဘာလ ၇ ရက် ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းအမြစ်မှ ပြောဆိုထားသည်။

မည်သည့်အကြာင်းကြောင့် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ပြန်လည်လွတ်မြောက်ခြင်းရှိ/မရှိ IMNA မှ ဆက်လက် အတည်ပြုနေဆဲ ဖြစ်သည်။

ရေး-ထားဝယ်အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် စစ်ကော်မရှင်တပ်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၂ လနီးပါးခန့်ရှိကြောင်း၊ တော်လှန်ရေးမဟာမိတ် ပူးပေါင်းမှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...
April 9, 2026
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရွှင်ပွဲမျိုးမဆို...
April 8, 2026
စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ...