အသက်မပြည့်သေးသူများအပါ အမျိုးသမီး ၇၃ ဦး စစ်ကော်မရှင်ကြောင့် သေဆုံး

အသက်မပြည့်သေးသူများအပါ အမျိုးသမီး ၇၃ ဦး စစ်ကော်မရှင်ကြောင့် သေဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဩဂုတ်အတွင်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့(စက်တင်ဘာ ၈) တွင် ထုတ်ပြန်သည်။

၎င်းအမျိုးသမီး ၇၃ ဦးထဲတွင် လေကြောင်းဖြင့် ဗုံးကြဲ ပစ်ခတ်မှုကြောင့် ၅၄ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခုနစ်ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် သုံးဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် တဦးတို့ဖြစ်သည်။

ထိုထဲကမှ ၁၄ ဦးသည် အသက် မပြည့်သေးသည့် ၁၈ နှစ်အောက်ဖြစ်ကြပြီး လေကြောင်းတိုက်ခိုက်ခံရမှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့သတ်ဖြတ်ခံရမှုတို့လည်း ပါဝင်သည်။

သေဆုံးသူ အမျိုးသမီးများထဲတွင် မန္တလေးတိုင်းမှ ၂၇ ဦးနှင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးက ၁၄ ဦးဖြင့် ဒုတိယ အများဆုံးဖြစ်ကာ ကရင်နီပြည်နယ်တွင် ရှစ်ဦး၊ စစ်ကိုင်းတိုင်းနှင့် ရခိုင် ပြည်နယ်တွင် ခုနစ်ဦးစီရှိပြီး ကချင် ပြည်နယ်နှင့် ပဲခူးတိုင်းတွင် လေးဦးစီရှိကာ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တဦးစီ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ ငါးနှစ်နီးပါး ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်” ဟု BWU က ထုတ်ပြန်ချက်ထဲ ပြောထားသည်။

စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခြင်းကို ယခင်လများထက် ပိုမို အသုံးပြုကာ ပြုလုပ်နေသည့်အတွက် ယခုကောက်ယူရရှိသည့် စာရင်းများမှာ သတင်းမီဒီယာ အချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တာကြောင့် မြေပြင်တွင် ယခုထက် ပိုများနိုင်သည်ဟု မြန်မာ့အမျိုး သမီးသမဂ္ဂ(BWU)က ဆိုသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...