မြဝတီ ထီးမူးထရွာ၌ ၃ ရက်ဆက် တိုက်ပွဲဖြစ် ရွာသားများ စစ်ဘေးရှောင်

မြဝတီ ထီးမူးထရွာ၌ ၃ ရက်ဆက် တိုက်ပွဲဖြစ် ရွာသားများ စစ်ဘေးရှောင်
Photo - CJ
Photo - CJ

မြဝတီမြို့နယ်၊ သင်္ဃန်ညီနောင်ကျေးနယ်၊ ထီးမူးထ၊ နို့ဖိုး ကျေးရွာတို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အာဏာသိမ်း စစ်တပ်တို့ ၃ ရက်ဆက်တိုက်ပွဲ ဖြစ်ပွား နေပြီး ဒေသခံရွာသားများ စစ်ဘေးရှောင်နေရသည်ဟု ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ကျေးရွာများဘက်သို့ စစ်တပ်စစ်ကြောင်း လက်နက်ကြီးကျရောက်ပြီး လူသေဆုံး၊ နေအိမ်နှင့် ယာဉ် ပစ္စည်းများ ပျက်စီးသည့်အတွက် ယခုလို ထီးမူးထ၊ နို့ဖိုး ကျေးရွာ ဒေသခံ ၂၀၀ ဦး ဝန်းကျင်သည် မြဝတီတောင် ကျေးရွာများသို့ စစ်ဘေးရှောင်လာသည်ဟု ဒေသတွင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်က ယခုလို ပြောသည်။

“လက်နက်ကြီးကျတာ တစ်ယောက် သေတယ်၊ ၈ယောက် ဒဏ်ရာရတယ်၊ အိမ်တွေ ကားတွေ ပျက်တယ်၊ ခြံ တွေ မီးလောင်တယ်။ စစ်တပ်က ပိတ်မိပြီး အတိုက်ခံနေရတော့ လက်နက်ကြီးပစ်၊ လေယာဉ်လည်း လာကြဲ တယ်ဆိုတော့ အခု မြဝတီတီ တောင်ဘက် (….)ရွာ တွေမှာ လာရှောင်နေကြတာ၂၀၀ ဝန်းကျင်လောက် ရှိတယ်။ တခြားရွာတွေဘက် ရှောင်တဲ့ လူအရေအတွက်တော့ မမှန်းတက်ဘူး” ဟု ၎င်းက ပြောသည်။

လတ်တလော အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် အာရှလမ်းပိုင်း သင်္ဃန်းညီနောင် ဘက်သို့ စစ်ကြောင်းထွက် တိုက်ခိုက်လာပြီး KNLA မဟာမိတ်တပ်များက ၎င်းတို့ကို ကျောက်တောင်ကျောအတွင်း ပိတ်ဆို့ တိုက်ခိုက်ခြေမှုန်း နေရသည်ဟု သိရသည်။

“ကော့ကရိတ်ဘက် လှိုင်ဝ အမြောက်ကုန်းကနေ ဟောင်ဝှစ်စာတွေ၊ မစ်ဇိုင်းတွေ ပစ်နေတယ်။ မရတော့ လေ ယာဉ် Y12 လာကြဲ တယ် ၂ ရက်ရှိပြီး။ ကိုယ့်ဘက်က ထိခိုက်တာတော့ ၂ ယောက်၊ ၃ ယောက် ရှိတယ်။ သူတို့ ဘက်ကတော့ ထိတာ၊ ကျတာ များတယ်။ နယ်မြေရှင်းနေတုန်းဆိုတော့ မသိသေးဘူး” ဟု မြေပြင်သတင်းရင်း မြစ်က ပြောသည်။

လတ်တလောတွင် အာရှလမ်းသစ်၊ ဒေါန တောင်လမ်းဟာင်း လမ်းပိုင်းနှင့် ကျုံဒိုး-ချောင်းဖျား-ကျုံဘိုင်း လမ်း ပိုင်းတွင် KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်တပ် စစ်ကြောင်းများ တိုက်ပွဲ ဆက်ပြီး ပြင်းထန် နေကြောင်း စစ်ရေး နယ်မြေ သတင်းအရင်းများထံမှ သတင်းရရှိသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...