ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမယ့် မြို့နယ်တွေထဲ ကချင်ပြည်နယ်က ၆ မြို့နယ်ပါဝင်

ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမယ့် မြို့နယ်တွေထဲ ကချင်ပြည်နယ်က ၆ မြို့နယ်ပါဝင်

စစ်ကော်မရှင်ကနေ ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမယ်လို့ ကြေညာတဲ့ မြို့နယ်တွေအထဲမှာ ကချင်ပြည်နယ် အတွင်းက ၆ မြို့နယ် ပါဝင်ပါတယ်။

မြစ်ကြီးနားမြို့နယ်အပါအဝင် တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအို၊ မိုးညှင်း စတဲ့မြို့နယ်တွေမှာ ကျင်းပ သွားမှာလို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာထားတာပါ။

လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ ပိုင်း ၁ မှာ ပြည်နယ်နဲ့တိုင်း အသီးအသီးက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပသွားမှာလို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။ အဲဒီအထဲ ကချင်က အထက်ပါ ၆ မြို့နယ် ပါဝင်ပါတယ်။

စစ်ကောမရှင်ဟာ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမှာလို့ ထုတ်ပြန်ထားတာဖြစ်ပြီး ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ နယ် အပါအဝင် မဲအများဆုံးရသူ အနိုင်ယူစနစ် ( FPTP )နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၈၄ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် ( PR )နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁၀ မှာ ရွေးကောက်ပွဲကျင်းပသွားဖို့ သတ်မှတ်ကြေညာလိုက်တဲ့အပြင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အဖြစ် ၃၃၀ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ဆန္ဒနယ်မှာတော့ မဲအများဆုံးရသူ အနိုင်ယူစနစ် ( FPTP )နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၃၂၂ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် ( PR )နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်း ၃၆၄ နယ်လို့ သတ်မှတ်ထားပါတယ်။

စစ်ကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပဖို့ ကချင်ပြည်နယ်က မဲဆန္ဒနယ်တွေ သတ်မှတ်ရာမှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ကနေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၆ ခု လည်း ပါဝင်နေပါတယ်။

မြစ်ကြီးနား၊ တနိုင်း၊ ချီဖွေ၊ ဗန်းမော်၊ ပူတာအို၊ မိုးညှင်း စတဲ့ခရိုင် ၆ ခုအတွင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၁၈ မြို့နယ်ထဲမှာ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ မံစီ၊ မိုးမောက်နဲ့ အင်ဂျန်းယန်မြို့နယ်တွေကိုတော့ KIA ကနေ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် တစ်ချို့နေရာတွေ(ဖားကန့်၊ဗန်းမော်) မှာတော့ လက်ရှိ စစ်ရေးပြင်းထန်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်း တစ်လျှောက်အပြင် တရုတ်- မြန်မာ တရားဝင် ကုန်သွယ်ရေးဂိတ်ရှိရာ လွယ်ဂျယ်မြို့နဲ့ ကန်ပိုက်တီမြို့အပါ ဆွမ်ပရာဘွမ်မြို့၊ အင်ဂျန်းယန်မြို့၊ မံစီ၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်-အစရှိတဲ့ဒေသတွေလို မြို့နဲ့ မြို့နယ် ၁၀ ခုကျော်လောက်ကို KIA ကနေ ထိန်းချုပ်ထားတာပါ။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းနဲ့ ဆက်လက်ကျင်းပပြုလုပ်မယ့် အပိုင်းလိုက် နေ့ရက်တွေကိုလည်း ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ လို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၈ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...