မော်လမြိုင်မြို့မှာ စစ်ကော်မရှင်က စစ်ကြောင်းကြီး ငါးကြောင်းနဲ့ စည်းရုံးရေး ပြန်ဆင်း

မော်လမြိုင်မြို့မှာ စစ်ကော်မရှင်က စစ်ကြောင်းကြီး ငါးကြောင်းနဲ့ စည်းရုံးရေး ပြန်ဆင်း
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းကြီး ငါးကြောင်းနဲ့ စည်းရုံးရေး ဟောပြောပွဲတွေ ပြန်လည်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသဖွံ့ဖြိုးရေးလုပ်ပေးမယ့် စစ်ကြောင်းကြီး ငါးကြောင်းလို့ အမည်ပေးထားတဲ့ ဌာနဆိုင်ရာပူး ပေါင်းအဖွဲ့တွေဟာ အခုလအတွင်း မော်လမြိုင်မြို့ရဲ့ ရပ်ကွက်တချို့မှာ စည်းရုံးရေး ဟောပြောပွဲတွေ ပြန်လုပ်လာတာ ဖြစ်ပါတယ်။

အဲဒီစည်းရုံးမှုမှာ နယ်မြေတည်ငြိမ်း အေးချမ်းဖို့၊ တရားဥပ‌ဒေ စိုးမိုးဖို့၊ လုံခြုံရေး၊ ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ကျန်းမာရေးစတဲ့ ကိစ္စတွေမှာ ပြည်သူလူထုတွေ ပါဝင်ကြဖို့ အဓိကထားပြီး ဟောပြောစည်းရုံးနေတာပါ။

မော်လမြိုင်မြို့ခံ တစ်ဦးက ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ လုပ်ဆောင်တဲ့ စစ်ကော်မရှင်ရဲ့ စည်းရုံးဟောပြောပွဲတွေမှာ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်တွေ ခန့်အပ်တာနဲ့ အဲဒီအဖွဲ့ထဲ ဝင်ကြဖို့လည်း စည်းရုံးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“သူတို့က ဟောပြောပွဲ လုပ်ပြီးတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ဘာလုံခြုံရေးဆိုလား အပြာရောင် ယူနီဖောင်းတွေနဲ့ ဝတ်စုံတွေနဲ့ ခန့်အပ်တာလည်း လုပ်တယ်။ နိုင်ငံတော်က လစာပေးပြီး ခန့်ထားတယ်ဆိုတဲ့ အကြောင်းရယ် ရပ်ရွာအေးချမ်း သာယာဖို့နဲ့ လုံခြုံမှု ရှိဖို့ပေါ့။ ဒီလူတွေက ဘယ်လို ပါဝါအာဏာ ရှိတယ်ဆိုတဲ့ အကြောင်းတွေပေါ့။ ဒီအဖွဲ့ထဲကို ဝင်ချင်လည်း ဝင်လို့ ရတယ်ဆိုတဲ့အကြောင်း လစာရတယ်ဆိုတဲ့ အကြောင်းတွေပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစည်းရုံးဟောပြောပွဲတွေမှာ ရပ်ရွာအေးချမ်းသာယာဖို့၊ တရားဥပ‌ဒေစိုးမိုးဖို့ဆိုတာထက် တော်လှန်ရေး အင်အားစုတွေ ဝင်ရောက်မလာဖို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက် သတင်းပေးဖို့ကိုသာ အဓိက ဟောပြောခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်ကြောင်းကြီး ငါးကြောင်းနဲ့ စည်းရုံးရေးဟောပြောပွဲတွေကိုတော့ ရပ်ကွက်အတွင်းမှာ အပိုင်းအလိုက် လူဦးရေ ဘယ်နှစ်ယောက်နှုန်း တက်ရောက်ရမယ်ဆိုကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဟောပြောပွဲကိုတော့ စိတ်ဝင်စားမှု မရှိကြဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကြောင်းကြီး ငါးကြောင်းအဖွဲ့မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးဖွံ့ဖြိုးဖို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်ကြတယ်ဆိုပေမယ့် တကယ်လက်တွေ့မှာတော့ PDF အဖွဲ့တွေရဲ့ သတင်းရဖို့နဲ့ စစ်တပ်နဲ့ ပူးပေါင်းဖို့သာ အဓိကထား စည်းရုံးကြတာ ဖြစ်ပါတယ်။

March 27, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း...
ဓာတ်ပုံ-MOI
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုရင် သူ့အတွက်...
ဓာတ်ပုံ-USDP
March 25, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ စစ်တပ်ကျောထောက်နောက်ခံ...
March 24, 2026
မွန်ပြည်နယ်မှာ အခုလအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်းအတွက်...