ဂန့်ဂေါမြို့နယ် ရှုံးရှီကျေးရွာနဲ့ အနောက်ဂန့်ဂေါကျေးရွာက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဂန့်ဂေါမြို့နယ် ရှုံးရှီကျေးရွာနဲ့ အနောက်ဂန့်ဂေါကျေးရွာက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာနဲ့ Senthang ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ ရှုံးရှီကျေးရွာနေ ဒေသခံပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်က သြဂုတ်လ ၃ ရက်နေ့က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အဖမ်းဆီးခံရသူတွေထဲကနေ အမျိုးသမီး ၂ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၁၀ ဦးကိုတော့ ဆက်ဖမ်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ်လ ၃ ရက်နေ့ညက ဂန့်ဂေါမြို့ပေါ် ခလရ ၅၀ တပ်ရင်းက စစ်သားတွေ စစ်ကား ၂ စီးနဲ့ ရှောင်ပင်ရွာမှာ ဘန်ကာတွေ ဆောက်ပြီးနေရာယူထားတဲ့ စစ်သားတွေ ပူးပေါင်းပြီး အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီကျေးရွာတို့ကို စစ်ကြောင်း ဝင်ရောက်ခဲ့ကာ အရပ်သား ပြည်သူ ၁၂ ဦးကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “အဖမ်းခံရတဲ့ အနောက်ဂန့်ဂေါနဲ့ ရှုံးရှီကျေးရွာက ဒေသခံ ၁၂ ဦးထဲမှာ မိန်းကလေး ၂ ဦးကိုတော့ We Love Gangaw တံတားထိပ်မှာ ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ ၁၀ ဦးကတော့ တပ်ထဲပါသွားတယ်။ အခုထိတော့ ဘာမှ အဆက်သွယ်ကောင်းကောင်းမှ မရသေးဘူး” လို့ ပြောပါတယ်။

အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီကျေးရွာတို့က ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ အရပ်သား ၁၂ ဦးကို ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်ဖွဲ့က We Love GanGaw တံတားထိပ်အထိ အကြိုလွှတ်လာတဲ့ ကား ၃ စီးနဲ့ ဖမ်းဆီးလာတဲ့ အရပ်သားပြည်သူ ၁၂ ဦးထဲကနေ ၁၀ ကို ဂန့်ဂေါမြို့အတွင်းကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမျိုးသမီး ၂ ဦးကိုတော့ တံတားထိပ်မှာတင် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာဟာ ချင်းတိုင်းရင်းသား Sen thang လူမျိုးနွယ်စု အများစု နေထိုင်ကြတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...