ဂန့်ဂေါမြို့နယ် ရှုံးရှီကျေးရွာနဲ့ အနောက်ဂန့်ဂေါကျေးရွာက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဂန့်ဂေါမြို့နယ် ရှုံးရှီကျေးရွာနဲ့ အနောက်ဂန့်ဂေါကျေးရွာက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာနဲ့ Senthang ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ ရှုံးရှီကျေးရွာနေ ဒေသခံပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်က သြဂုတ်လ ၃ ရက်နေ့က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အဖမ်းဆီးခံရသူတွေထဲကနေ အမျိုးသမီး ၂ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၁၀ ဦးကိုတော့ ဆက်ဖမ်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ်လ ၃ ရက်နေ့ညက ဂန့်ဂေါမြို့ပေါ် ခလရ ၅၀ တပ်ရင်းက စစ်သားတွေ စစ်ကား ၂ စီးနဲ့ ရှောင်ပင်ရွာမှာ ဘန်ကာတွေ ဆောက်ပြီးနေရာယူထားတဲ့ စစ်သားတွေ ပူးပေါင်းပြီး အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီကျေးရွာတို့ကို စစ်ကြောင်း ဝင်ရောက်ခဲ့ကာ အရပ်သား ပြည်သူ ၁၂ ဦးကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “အဖမ်းခံရတဲ့ အနောက်ဂန့်ဂေါနဲ့ ရှုံးရှီကျေးရွာက ဒေသခံ ၁၂ ဦးထဲမှာ မိန်းကလေး ၂ ဦးကိုတော့ We Love Gangaw တံတားထိပ်မှာ ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ ၁၀ ဦးကတော့ တပ်ထဲပါသွားတယ်။ အခုထိတော့ ဘာမှ အဆက်သွယ်ကောင်းကောင်းမှ မရသေးဘူး” လို့ ပြောပါတယ်။

အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီကျေးရွာတို့က ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ အရပ်သား ၁၂ ဦးကို ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်ဖွဲ့က We Love GanGaw တံတားထိပ်အထိ အကြိုလွှတ်လာတဲ့ ကား ၃ စီးနဲ့ ဖမ်းဆီးလာတဲ့ အရပ်သားပြည်သူ ၁၂ ဦးထဲကနေ ၁၀ ကို ဂန့်ဂေါမြို့အတွင်းကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမျိုးသမီး ၂ ဦးကိုတော့ တံတားထိပ်မှာတင် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာဟာ ချင်းတိုင်းရင်းသား Sen thang လူမျိုးနွယ်စု အများစု နေထိုင်ကြတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

January 16, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (...
January 15, 2026
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့...
January 14, 2026
မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂...
January 14, 2026
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး...