မင်းတပ် လေကြောင်းတိုက်ခိုက်မှု နေအိမ် (၁၀) လုံး ပျက်စီး

မင်းတပ် လေကြောင်းတိုက်ခိုက်မှု နေအိမ် (၁၀) လုံး ပျက်စီး

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို စစ်တပ်က လေကြောင်းတိုက် ခိုက်မှု (၂) ကြိမ်ပြုလုပ်ပြီး အပျက်အစီးတချို့ရှိခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“ဒီမင်းတပ်မြို့ပေါ်ကို ကြဲသွားတာပါ။ မင်းတပ်မြို့ပေါ်မှာကလည်း လူက သိပ်မနေဘူးဆိုတော့ ပြည်သူတွေတော့ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိဘူး။ နေအိမ်နဲ့ အစိုးရအဆောက်အအုံတွေတော့ ပျက်စီးသွားတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ယမန်နေ့ သြဂုတ်လ (၃) ရက်နေ့ မနက် ၈နာရီ ၅၀ မိနစ်တွင် လေကြောင်းတိုက် ခိုက်ခံရခြင်းဖြစ်ပြီး ပြည်သူထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း အစိုးရ အဆောက်အဦး (၂) လုံးခန့်နှင့် ပြည်သူနေအိမ် (၈) လုံးစုစုပေါင်း (၁၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...
June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...