ကျုံဒိုး ရှေ့တန်းစစ်မျက်နှာမှ စကစ တပ်သား ၄ ဦး တော်လှန်ရေးတပ်ထံသို့ ထွက်ပြေးခိုလှုံလာ

ကျုံဒိုး ရှေ့တန်းစစ်မျက်နှာမှ စကစ တပ်သား ၄ ဦး တော်လှန်ရေးတပ်ထံသို့ ထွက်ပြေးခိုလှုံလာ

ကျုံဒိုး ရှေ့တန်းစစ်မျက်နှာရောက် စစ်ကောင်စီ တပ်သား ၄ ဦးသည် တော်လှန်ရေးပူးပေါင်းတပ်များထံသို့ ထွက်ပြေး ခိုလှုံလာသည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကျုံဒိုးတွင် စစ်ကောင်စီက စစ်ကြောင်းထွက်တိုက်သည့်အတွက် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၃ ရက် နေ့ ညပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦး ထွက်ပြေးခိုလှုံလာခြင်း ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ် က ယခုလို ပြောသည်။

“၁၃ ရက်နေ့ ညပိုင်း တိုက်ပွဲမှာ ကျုံဒိုး ရသေ့ကျောင်းက‌နေ စစ်မှုထမ်းတပ်သားသစ် ၄ ယောက် လက်နက်မပါ၊ လက်ပစ်ဗုံးတွေ ပါတယ်။ KNLA ဘက် ထွက်ပြေး ခိုလှုံလာတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကျုံဒိုး တိုက်ပွဲတွင် စစ်ကောင်စီအရာရှိ စစ်သည်များနှင့် ခြေမြန်တပ်ရင်း (ခမရ-၅၄၅) တပ်တွင်း မိသားစုဝင်များပါ ထိခိုက်မှုရှိသလို စစ်ကောင်စီဘက်ကူညီတိုက်ခိုက်နေသည့် ခွဲထွက် DKBA ဗိုလ်ဘိ တပ်ဖွဲ့ ဝင်များလည်း အထိအခိုက်များနေသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောဆိုသော်လည်း နှစ်ဖက် စလုံးက သတင်းထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၄ ရက်နေ့ မနက် ၁၀ နာရီကျော် အချိန်တွင် စစ်ကောင်စီက လေကြောင်းမှ Y12 လေယာဉ်ဖြင့် အင်းကြီး၊ ကော့ဝါလဲ၊ နွားခြံကုန်း၊ အုန်းတစ်ပင် ရွာများဘက်သို့ ဗုံးကြဲချ ပတ်ပျံနေပြီး စကခ-၁၂ ကော့ကရိတ် ဘက်က ရော့ကက်မစ်ဇိုင်းဒုံးရှည်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြော သည်။

“နေ့တိုင်း ပစ်နေတာ၊ အုန်းတစ်ဘက်မှာ ရေကြီးတဲ့ ကြားထဲသူတို့ တိုးလာတာ ထိကြတာများတယ်၊ နွားခြံကုန်း ဘက်လည်းတိုးလာလို့ မရဘူး။ လေယာဉ် ဗုံးကြဲခိုင်း၊ မစ်ဇိုင်းဒုံးရှည်တွေ ပစ်ခိုင်းပြီး မြေပြင်စစ် ကြောင်းထိုး တက်နေတာကို ဖြတ်တိုက်နေတော့ အထိနာနေတယ်” ဟု တော်လှန်ရေးတပ် စစ်ကြောင်းသတင်းအရင်းအမြစ် က ပြောသည်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်စိုးမိုးရန် စစ်ကောင်စီက ကျုံးဒိုးနှင့် ကော့ကရိတ်ဘက်မှ စစ်ကြောင်း အသီးသီး နှစ်ဘက်ညှပ်ပြီး ဇူလိုင် ၈ ရက်နေ့မှ စ၍ ထွက်ထိုးတိုက်နေခြင်း ဖြစ်သည်။ လက်ရှိ ကျုံဒိုးတိုက်ပွဲနှင့် ပတ်သက်၍ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...
Photo: CJ
April 20, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မင်းလက်ပံကျေးရွာရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှု)...
April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...