KIO ဥက္ကဋ္ဌ ဖမ်းဆီးခံရမှုနဲ့ မြေရှားသတ္တုနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

KIO ဥက္ကဋ္ဌ ဖမ်းဆီးခံရမှုနဲ့ မြေရှားသတ္တုနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အကျယ်ချုပ်ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းနဲ့ ဗန်းမော်ထိုးစစ်မရပ်ရင် တရုတ်အစိုးရက မြေရှားမဝယ်တော့ဘူးဆိုတဲ့ သတင်းအကြောင်းအရာ နှစ်ရပ်စလုံးက အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေသာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ ကျန်းမာရေးကိစ္စနဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီး နောက် ကျန်းမာလျက်ရှိနေပြီး တရုတ်နိုင်ငံကနေ ပြန်လည်ရောက်လာတော့မှာ ဖြစ်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြုပါတယ်။

“အဲ့ဒီသတင်းက မဟုတ်မမှန်တဲ့သတင်းပါ။ ကျနော်တို့ဘက်ကလည်း တရားဝင်ကြားရတာမရှိပါဘူး။ ဗိုလ်ချုပ်ကြီးက ကျန်းမာရေးစစ်ဆေးခံဖို့ တရုတ်နိုင်ငံကို ရောက်နေတာ တစ်ပတ်လောက်ကြာလာပြီ။ အခုတောင် ပြန်လာတော့မယ်လို့ သတင်းရတယ်။ ဒါကြောင့် တရုတ်အစိုးရက ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းကမမှန်ပါဘူး” လို့ ပြောပါတယ်။

တရုတ်အစိုးရက KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကို အကျယ်ချုပ်ဖမ်းဆီးထားကြောင်း ကချင်ပြည်နယ်က သတင်းမီဒီယာတစ်ခုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

သတင်းရေးသားဖော်ပြချက်ထဲမှာ တရုတ်အစိုးရက ကိုးကန့် MNDAA ခေါင်းဆောင်ဖြစ်တဲ့ ဖုန်းတာရွှေလို အကျယ်ချုပ်ဖမ်းဆီးခံထားရပြီး စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်ခိုင်းကာ လားရှိုးမြို့ကို ပြန်ပေးခိုင်းတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

အလားတူ တစ်ဆက်တည်းမှာပဲ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ထိုးစစ်မရပ်ရင် ကချင်ပြည်နယ်မှ မြေရှားသတ္တု ဝယ်ယူမှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက KIA ကို ဖိအားပေးပြောဆိုနေတယ်လို့လည်း ရိုက်တာသတင်း‌တွေမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ယခုလို ဆက်ပြောပါတယ်။

“တရုတ်အစိုးရက ပစ်ခတ်ရပ်ပြီး ဆွေးနွေးတာတွေလုပ်ဖို့ ပြောဆိုတာမျိုးတော့ရှိတယ်။ အဲ့ဒါက အရင်ကတည်းကနေ ပြောဆိုနေတာဖြစ်တယ်။ ဒါပေမယ့် ထိုးစစ်မရပ်ရင် မြေရှားမယူတော့ဘူးဆိုတဲ့ သတင်းတွေက မကြားမိပါဘူး။ သိလည်း မသိပါဘူး။ ဗဟိုချုပ်ကနေလည်း သီးသန့်ပြောဆိုထားတာလည်း မရှိပါဘူး” လို့ ပြောပါတယ်။

ဒါကြောင့် လက်ရှိ နိုင်ငံတကာ သတင်းဌာနတွေမှာ မြေရှားသတ္တုနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြနေတာတွေဟာ မှန်ကန်မှုမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုချက်ထဲမှာ ပါရှိပါတယ်။

ကချင်ပြည်နယ်ထဲမှာ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ဗန်းမော်တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီးတော့ ဇူလိုင်လထဲမှာဆိုရင် မြို့သိမ်းတိုက်ပွဲ ၇ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...