လွိုင်ကော်မြို့တွင်းမှာ မြေမြုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်မှုရှိ

လွိုင်ကော်မြို့တွင်းမှာ မြေမြုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်မှုရှိ
လွိုင်ကော်မြို့တွင်းက နေရာတချို့ကို တွေ့ရစဉ်။ (ဓါတ်ပုံ -ပေးပို့)
လွိုင်ကော်မြို့တွင်းက နေရာတချို့ကို တွေ့ရစဉ်။ (ဓါတ်ပုံ -ပေးပို့)

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းက ယခင် တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ ရပ်ကွက်တွေမှာ မြေမြုပ်မိုင်းပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး နေအိမ်ပြန်တဲ့ အရပ်သားတွေ ထိခိုက်မှုရှိနေတယ်လို့ သိရှိရပါတယ်။

စစ်ကောင်စီက နေအိမ်ကို ပြန်လည်ကြည့်ရှုခွင့်ပြုထားတဲ့ ရပ်ကွက်တွေဖြစ်တဲ့ မင်းစု၊ ဒေါဥခူ၊ နောင်ယား၊ နာနတ်တော၊ ဝန်ထမ်းနေထိုင်တဲ့ တန်းလျားနဲ့ အစိုးရရုံး အအောက်အအုံအနီးတွေမှာ မိုင်းနင်းမိတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ဖြစ်နေတာတော့ နေ့တိုင်းလိုလိုပဲ။ ထိလိုက်ရင်လည်း ပြည်သူတွေပဲ များတယ်။ လိုင်းပေါ်လည်း တင်လို့မရနေတာ။ တစ်ရက်တစ်ရက် ဒီလိုလမ်းကြောင်းတွေကို ကူညီပေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းကြောင့် ထိခိုက်မိသူတွေဟာ မှိုနှုတ်သူ၊ အသီးအရွက်ခူးသူ၊ နေအိမ်ဖောက်ထွင်းသူတွေ၊ နေအိမ်ကို ပြန်လည်ကြည့်ရှုသူတွေနဲ့ အိမ်ရှင်ကိုယ်စား သွားရောက်ကြည့်ရှုပေးသူတွေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ ရပ်ကွက်တွေအတွင်း စစ်ကောင်စီက နေအိမ်ကိုပြန်လည်ကြည့်ရှုခွင့်ပြုပြီးနောက်ပိုင်း အခုလို မိုင်းနင်းမိပြီး ထိခိုက်သူတွေ ရှိနေတာပါ။

ဒေသခံတချို့ရဲ့ ပြောကြားချက်အရ မိမိနေအိမ်အတွင်း မိုင်းရှင်းလင်းပေးဖို့ စစ်ကောင်စီလက်အောက်ခံ စစ်အင်ဂျင်နီယာာတပ် (GE) တပ်ဖွဲ့ဝင်တွေကို ငွေကြေးပေးခဲ့ပေမယ့် ရှင်းလင်းဖို့က ကျန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မိုင်းနင်းမိတာ အများစုရှိနေတဲ့ ဒေါဥခူ၊ နာနတ်တော၊ နောင်ယား စတဲ့ ရပ်ကွက်တွေမှာ နေအိမ်ပြန်ကြည့်တာတွေ မလုပ်ဆောင်သေးစေလိုကြောင့် ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ) ထောင်တဲ့မိုင်းကို သူတို့ ပြန်မရှင်းနိုင်ကြဘူး။ ပိုက်ဆံပေးပြီး ရှင်းခိုင်းတဲ့အိမ်တွေမှာလည်း ကွဲတာရှိတာပဲ။ ဖြစ်နိုင်ရင်တော့ အဲ့ဒီရပ်ကွက်တွေက (ဒေါဥခူ၊ နာနတ်တော၊ နောင်ယား) မပြန်ကြည့်သေးတာ ပိုကောင်းပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းကြောင့်ထိခိုက်မိတဲ့ ပြည်သူတွေကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က အမည်စာရင်းကောက်ယူတာ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက ရွှေတောင်၊ နောင်ယား၊ မိုင်းလုံး၊ မင်းစု ၊ ဈေးပိုင်း၊ ရှမ်းပိုင်း စတဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေထိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ယခုဇွန်လအတွင်း မိုင်းကြောင့် ထိခိုက်မိတဲ့အရပ်သားပြည်သူတွေ ၅ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

Most read this week

ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)
January 29, 2026
ဂျူချန်း — စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု...
ဓာတ်ပုံ - ပဲခူးတိုင်း ဖြူးမြို့နယ် ရွာသစ်ကျေးရွာ အား အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချ၍ လူနေအိမ်များပျက်စီးနေမှုများ။ (CJ)
January 28, 2026
ဟန်ထူးဇော် — ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ်၊ ရွာသစ်၊ ကြိမ်ခါးကုန်း နှင့် မအူပင်ကျေးရွာ...
ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။
January 27, 2026
ဂျူချန်း — ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည့်...
January 26, 2026
ဇာမဏီလင်းမောင် — ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် မြန်မာအမျိုးသား...