ဗန်းမောက်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုများနေပြီး ဆေးဝါးပြတ်လပ်နေ

ဗန်းမောက်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုများနေပြီး ဆေးဝါးပြတ်လပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းက  မံစီတိုက်နယ်ရှိကျေးရွာများအပါအဝင် မြို့နယ်ရဲ့ အနောက်ဘက်ခြမ်းကျေးရွာတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေဟာ များလာနေပြီး ကုသဖို့အတွက် ဆေးဝါးများ ပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီဘက်မင်းကုန်း ဆေး‌ခန်းမှာလည်း ငှက်ဖျားဆေးတွေမရှိဘူး။ မံစီဆေးရုံးဘက်ကိုလည်း ဆေးတွေပြတ်နေတာ။ အဖျားသက်သာရုံလောက်ပဲ အကိုက်အခဲပျောက်ဆေးတွေပဲထိုးပေးခဲ့တာ။ စားဆေးလည်း မပေးနိုင်ခဲ့ဘူးလေ“ လို့ ရွှေတော်မှော်က ငှက်ဖျားခံစားနေရသူလူနာတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်ထဲနဲ့ မြို့နယ်အတွင်းဝင်ရောက်မယ့် လမ်းပိုင်းတွေ ပိတ်ဆို့ထားမှုတွေကြောင့်  အခုလို အရေးကြီးတဲ့ ရာသီအလိုက်ဖြစ်တတ်တဲ့ ရောဂါဆေးဝါးတွေ ပျက်ရတာလို့သိရပါတယ်။

ဆေးဝါးတွေဟာ ကျန်းမာရေးဌာနကနေ ဖြန့်ဝေဖို့ အဆင်သင့်ရှိထားပြီးဖြစ်သော်လည်း လမ်းပိုင်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဆေးဝါးသယ်ယူနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

“ဆေးတွေက သယ်ယူဖို့အခက်အခဲရှိနေတယ် ဒီဘက်ဒေသကို” လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးက တုန့်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်နဲ့ မေလအတွင်းကစလို့ ဗန်းမောက်မြို့နယ်အတွင်းမှာ ငှက်ဖျားကူးစက်မှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့အချိန်ကတည်းကစလို့ ငှက်ဖျားရောဂါအတွက် ဆေးဝါးတွေ ဝယ်ယူရခက်ခဲနေသလို ရောဂါဖြစ်ပွားမှုအပေါ်မူတည်ပြီး ကုသမှုတွေပေးခဲ့ရတာဖြစ်တယ်လို့ မံစီကြီးဒေသစိတ် ကျန်းမာရေးမှူးက ပြောပါတယ်။

ကူးစက်တဲ့ ငှက်ဖျားပိုးတွေကတော့ ပြင်းထန်တဲ့ပိုးမဟုတ်ဘဲ PV လို့ခေါ်တဲ့  (Plasmodiam vivax)  ငှက်ဖျားရောဂါအပျော့စားဖြစ်ပြီး ကလေးငယ်တွေကစလို အသက်ရွယ်ကြီးတဲ့အထိ ဖြစ်ပွားမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...
June 20, 2026
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့်...