ရေးဘေးသင့် ပလက်ဝစစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများပေးအပ်

ရေးဘေးသင့် ပလက်ဝစစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများပေးအပ်

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်း (၃) ခုမှ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကူညီထောက်ပံ့မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း  ပလက်ဝ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးအဖွဲ့က ‌ယနေ့တွင် ထုတ်ပြန်သည်။

လူသားစာနာကူညီရေးဌာနနှင့် ပလက်ဝကောင်စီတို့ ပူးပေါင်း၍ ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တွီဒင်း၊ ကာကီနှင့် လောင်မဆူ စစ်ဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ဆန်အိတ် ၁၃၀၊ ဆီ၊ ပဲ၊ အာလူး စသည့် အခြေခံစားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ခြင်းဟု သိရသည်။

“အဘက်ဘက်ကနေ ကူညီပေးတဲ့ အဖွဲ့အစည်းတွေရဲ့ အလှူတွေကို ပူးပေါင်းဆောင်ရွက်ပေးပြီးမှ ကျွန်တော်တို့ ဝန်ဆောင်မှုပေးရခြင်းဖြစ်ပါတယ်။ ဆိုတော့ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရှိသလို ထပ်ပြီးမှ လူသားစာနာ အခြေခံစားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအတွက် အရေးကြီး လိုအပ်ချက်တွေကို အကူအညီတောင်းလိုပါတယ်” ဟု ပလက်ဝမြို့နယ်၊ လူသားစာနာကူညီရေးဌာနမှ ဌာနမှူးက ပြောသည်။

ယခုရေဘေးကြောင့် အထက်ပါ စစ်ရှောင်စခန်း ၃ ခုအတွင်း မူလအိမ်ခြေ ၄၇၂ နှင့် လူဦးရေ ၂၂၈၃ ဦးရှိသည့်အနက် အိမ်ခြေ ၁၄၁ နှင့် လူဦးရေ ၇၂၉ ဦး ရေဘေးဒဏ်သင့်ခဲ့ပြီး လုံးဝပျက်စီးသွားသည့် အိမ်ခြေ ၉၁ ခု၊ အိမ်သာ ၁၁၂ လုံး ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များ၊ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်များ များစွာရှိနေသေးကြောင်း သိရသည်။

လိုအပ်ချက်များစွာအနက်  ရေးဘေးသင့်ပြည်သူများ၏ နေအိမ်ပြန်လည်တည်ဆောက်ရန် အမိုးအကာ၊ သစ်ဝါး၊ ရေသန့်ပိုက်၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေ‌ကြောင်း စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးအဖွဲ့က ဆိုသည်။

အိမ်တစ်လုံးပြန်လည်တည်ဆောက်ရန် ခန့်မှန်းခြေ ရူပီးငွေ ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ၊ အိမ်သာတစ်လုံးအတွက် ၂,၅၀၀ မှ ၃,၀၀၀ ရူပီးအထိ ကုန်ကျမည်ဟု သိရသည်။

ပြည်တွင်း၊ ပြည်ပရှိ ပရဟိတအဖွဲ့များနှင့် စေတနာရှင်များအနေဖြင့် ရေဘေးသင့်ပြည်သူများအား ဆက်လက်ကူညီထောက်ပံ့နိုင်ရန် ပလက်ဝမြို့နယ်၊  လူသားစာနာကူညီရေးဌာနက တိုက်တွန်းထားသည်။

June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...
June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...