ကျောက်ဖြူမြို့အနီးဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် သာမာန်တရုတ်ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်မှုများရှိနေ

ကျောက်ဖြူမြို့အနီးဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် သာမာန်တရုတ်ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်မှုများရှိနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာသဖြင့် သာမာန် တရုတ်ဝန်ထမ်းများမှာ ယခုရက်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက "AA နဲ့ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီဖက်က တရုတ်စက်ရုံတွေရဲ့ ဧရိယာထဲကို လုံခြုံရေးတဲ့ပုံစံနဲ့ အင်အားတွေဖြည့်တယ်။ အမှန်က ကာဗာယူ‌ပြီးနေတာလေ။ ဒါတွေကို စက်ရုံထဲမှာရှိတဲ့ တရုတ်လုပ်သားတွေနဲ့ မြန်မာဝန်ထမ်းတွေက သဘောပေါက်လာလို့ ကြောက်လို့ ထွက်ပြေးတိမ်းရှောင်ကြတာ" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ်၊ မလကျွန်းဧရိယာဝန်းကျင်ရှိ တရုတ်စီမံကိန်းဧရိယာအနီးထိ တိုက်ပွဲဖြစ်ပွားလာပြီး စစ်‌ကောင်စီမှ အဆိုပါနေရာများတွင် အင်အားဖြည့်တင်းပြီး လုံခြုံရေးယူထားကာ ပစ်ခတ်မှုတချို့လည်း အဆိုပါ စက်ရုံအနီးဝန်းကျင်တွင် ဖြစ်ပွားနေသည်ဟု သိရသည်။

“ထွက်ပြေးတိမ်းရှောင်ကြတဲ့အထဲမှာ တရုတ်လုပ်သားအပါအဝင် မြန်မာလုပ်သားတွေလည်းပါတယ်။ လက်နက်ကြီးတွေက နေ့တိုင်းပစ်တယ်။ လေယာဉ်က ဗုံးကြဲတယ်။ ဒရုန်းနဲ့တိုက်တယ်။ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားဖြစ်လာတော့ မနေ့က မေလ ၂၆ ရက်နေ့မှစပြီး ထွက်ပြေးတိမ်ရှောင်သွားကြတယ်လို့ သိရတယ်” ၎င်းက နိရဉ္စရာကို ပြောသည်။

တရုတ်ဝန်ထမ်းတချို့မှာ ကျောက်ဖြူ သဘာဝဓာတ်ငွေ့နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည့် မဒေးကျွန်းဖက်သို့ တိမ်းရှောင်ကြပြီး တရုတ်ဝန်ထမ်းအကြီးပိုင်းတချို့မှာ ရန်ကုန်သို့ လေကြောင်းဖြင့် တိမ်းရှောင်သွားကြသည်ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"မဒေးကျွန်းဖက်ကို ပြေးတဲ့သူကပြေး။ ဒေသခံဝန်ထမ်းတွေက မဒေးကျွန်းဖက်ကို ရှောင်တာများတယ်။ တရုတ်လုပ်သားတချို့လည်း ရှောင်တယ်။ အကြီးပိုင်းတချို့ကတော့ ရန်ကုန်ကိုပြေးတယ်။ လေဆိပ်မှာ ရန်ကုန်ကိုပြန်တဲ့ တရုတ်တွေကို နေ့စဉ်လိုလိုတွေ့တယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်မှ တရုတ်ဓာတ်အား‌ဖြန့်ဖြူးရေးနှင့် စွန့်ပစ်စက်ရုံ (OGT) နှင့် ၎င်းဧရိယာအတွင်းရှိ စစ်ကောင်စီနေရာယူထားသည့် စခန်းငယ်များ၊ နေရာများကို မေလ ၂၁ ရက်နေ့နှင့် ၂၃ ရက်နေ့က ကျောက်ဖြူအခြေစိုက် ခမရ (၅၄၂) နှင့် ခမရ (၅၄၃) အပါအဝင် နေဗီပေါ်မှ အင်အားအသစ်များဖြည့်ကာ တရုတ်စီမံကိန်းကို အကာအကွယ်ယူပြီး အာရက္ခတပ်တော် (AA) ကို ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲများမှာ ပြင်းထန်နေသည်ဟု သိရသည်။

ယင်းအပြင် တရုတ်စီမံကိန်းကြီးများတည်ရှိရာ ကျောက်ဖြူမြို့နယ်အတွင်း လက်ရှိ အာရက္ခတပ်တော် (AA) နှင့် ပြင်းထန်စွာဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တရုတ်စစ်သား ၂၀ ခန့်သည် ဒရုန်းများကို ၎င်းကိုယ်တိုင်ကိုင်တွယ် ထိန်းချုပ်မောင်နှင်ပြီး  စစ်ကောင်စီဘက်မှနေ၍ ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟု သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...