မတူပီမြို့နယ်မှာ ပြည်သူလူထုကို အခမဲ့ဆေးကုသပေးနိုင်ဖို့ ဆေးဝါးအခက်အခဲရှိနေကြောင်း MTHD ပြော

မတူပီမြို့နယ်မှာ ပြည်သူလူထုကို အခမဲ့ဆေးကုသပေးနိုင်ဖို့ ဆေးဝါးအခက်အခဲရှိနေကြောင်း MTHD ပြော

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ Matupi Township Health Department (MTHD) အဖွဲ့မှာ ဆေးဝါးအခက်ခဲတွေရှိနေတာကြောင့် ပြည်သူလူထုကို ဆေးကုသမှုတွေကို လုံးဝ အခမဲ့ မပေးနိုင်သေးကြောင်း MTHD က တာဝန်ရှိသူတစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။

မတူပီမြို့ကို မနှစ် ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၉ ရက်မှာ ချင်းညီနောင်အဖွဲ့ကသိမ်းပိုက်ပြီးနောက်ပိုင်း လူထုကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ MTHD အဖွဲ့ဟာ မတူပီမြို့နယ်အတွင်းက မိခင်နဲ့ ကလေးငယ် ကာကွယ်ဆေးထိုးတာတွေအပြင် ကျေးရွာတွေကို တစ်လတစ်ကြိမ် Mobile Visit  သွားတယ်လို့လည်း သိရပါတယ်။

MTHD က တာဝန်ရှိသူတစ်ဦးက “မေလထဲမှာလည်း မိခင်နဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးထားပြီးပြီဖြစ်တယ်။ ဒုတိယအကြိမ်ထိုးပြီးတာပေါ့။ ကာကွယ်ဆေးထိုးတာက မတူပီမြို့နယ်အတွင်းမှာတော့ မထိုးနိုင်တဲ့ဒေသ မရှိသလောက်ပါဘဲ။ အခုလိုကာလမှာ ဆေးဝါးအခက်အခဲရှိတယ်။ ဆေးဝါးတွေကို ဝယ်ယူရပြီးမှ ကုသပေးရတာဆိုတော့ ဆေးကုသမှုကိုတော့ လုံးဝ အခမဲ့ မပေးနိုင်သေးဘူးပါဘူးရှင့်” လို့ ပြောပါတယ်။

MTHD ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း မတူပီမြိုကနယ် လှတန်းကျေးရွာက နာမကျန်းဖြစ်တဲ့  ဒေသခံ ၆၃ ဦးကိုလည်း ဆေးကုပေးခဲ့တယ်လို့ MTHD က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မေလ ၁၀ ရက်နေ့က သွားရောက်ကုသပေးခဲ့တာပါ။ တစ်ရွာလုံးခြုံပြီးတော့ နာမကျန်းဖြစ်တဲ့သူတွေ စုစုပေါင်း ၆၃ ယောက်ကို  ကုသပေးတာတွေ လုပ်ခဲ့ပါတယ်။ ကျမတို့အဖွဲ့အစည်းအနေနဲ့ မတူပီမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေကို တစ်လတစ်ကြိမ် ကျေးရွာတွေကို  Mobile Visit သွားပါတယ်။ အဓိက ကျမတို့အဖွဲ့က မတူပီမြို့နယ်အတွင်းမှာဘဲ အဓိက ဆေးကုသမှုတွေလုပ်ပါတယ်” MTHD က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

MTHD အနေနဲ့ တော်လှန်ရေးကာလတစ်လျှောက်မှာလည်း ဆေးကုသပေးလျှက်ရှိပေမယ့် လူထုကို ကျယ်ကျယ်ပြန့်ပြန့် ဆေးကုသတာကိုတော့ မတူပီ မြို့သိမ်းတိုက်ပွဲပြီးကာလကတည်းကနေ စတင်ခဲ့တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေပြောပြချက်အရ သိရပါတယ်။

April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...
April 20, 2026
ဖလမ်း - ဟားခါး လမ်းမဘေးမှာတည်ရှိတဲ့ ဖလမ်းမြို့နယ် Tlangzar ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၈...