မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရ

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၄၀ မိနစ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ကလေးငယ်အပါအဝင် လူ ၃ ဦး သေဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးဟာ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်ခံရလို့  သေဆုံးသူတွေဟာ ကလေးငယ် ၆ နှစ်အရွယ်နဲ့ သူ့မိခင်အပါဝင် ၎င်းတို့ကျေးရွာမှာ ချင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျတဲ့ ဗမာလူမျိုးတစ်ဦးတို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံတစ်ဦးက “၃ ယောက်သေဆုံးတယ်။ ချင်း ၂ ယောက်နဲ့ ဗမာတစ်ယောက်ပေါ့။ အဲဒီဗမာတစ်ယောက်က အဲဒီရွာမှာ အိမ်ထောင်ကျပြီးနေတဲ့ ဗမာတစ်ယောက်ဖြစ်တယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ၁၀ ဦးလောက်ရှိတယ်။ နေအိမ်ကတော့ ၆ လုံးလောက် မီးလောင်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မင်းတပ်မြို့နယ်အတွင်းကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ခပ်စိပ်စိပ်လုပ်နေပြီး မေလ ၉ ရက်နေ့ကလည်း ညအချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားအဆောက်အဦး ၁၅ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး လက်ရှိမင်းတပ်မြို့နယ် အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက် အကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...