ကျောက်ဖြူတွင် ကျေးရွာ ၃၀ ကျော် ရေရှားပါးမှု ကြုံနေရ

ကျောက်ဖြူတွင် ကျေးရွာ ၃၀ ကျော် ရေရှားပါးမှု ကြုံနေရ
ပြားကျွိန်ကျေးရွာမှ ရေကန်တစ်ခုကို မတ်လအစောပိုင်းက တွေ့ရစဉ်။
ပြားကျွိန်ကျေးရွာမှ ရေကန်တစ်ခုကို မတ်လအစောပိုင်းက တွေ့ရစဉ်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၃၀ ကျော် သောက်သုံးရေ မလုံလောက်မှုနှင့် ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း သိရသည်။

မင်းပြင်၊ ရေနံတောင်၊ ဝါးနက်ချွိန်၊ ပြားကျွိန်၊ စပါးထား၊ ဂန့်ဂေါ၊ င/လုံးစု၊ မညှင်းချောင်း၊ မြိုချောင်းကျွန်းနှင့် မရဇိုင်းကျွန်း စသည့် ကျေးရွာ ၃၀ ကျော်တို့တွင် သောက်သုံးရေ ရှားပါးမှုပြဿနာကို ကြုံတွေနေရခြင်း ဖြစ်သည်။

“အရင်ကဆို ရေရှားပါးမှုကို ကျေးရွာတချို့လောက်ပဲ ကြုံရတာ။ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ကျေးရွာတိုင်းလိုလို ရေအခက်အခဲ ကြုံနေရတာ။ ကျမတို့ရွာက ရေကန်တွေဆိုရင် ပုံမှန် ဇွန်လအထိခံပေမယ့် အခုကတည်းက ရှိတဲ့ရေတွေ နောက်ကျိနေပြီ” ဟု မင်းပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရေကို ချွေတာသုံးစွဲနေရသဖြင့် တကိုယ်ရည်သန့်ရှင်းရေးနှင့် နေ့စဉ်ရေချိုးရန် အဆင်မပြေမှုများအပြင်၊ ကျွဲ၊ နွား များကိုလည်း အကန့်အသတ်ဖြင့်သာ ရေတိုက်ကျွေးနေရကြောင်းလည်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ထို့အတူ ယင်းကျေးရွာများတွင် လာရောက်နေထိုင်သော စစ်ဘေးရှောင်များမှာလည်း သောက်သုံးရေ အခက်အခဲကြောင့် ပြည်လည်နေရာရွှေ့ပြောင်းသွားမှုများ ရှိနေကြောင်း သိရသည်။

“အစက စပါးထားရွာဘက်မှာ စစ်ရှောင်နေတာ။ အဲဒီမှာက ရေခပ်ရတာက ဝေးတဲ့အပြင် ရေကန်တိမ်ပြီးတော့ ရွှံ့ရေလိုဖြစ်သွားပြီ။ အဲဒါကို သုံးနေရတာမို့ ဝါးနက်ချိန်ရွာဘက်ကို ပြောင်းလာတာ။ ဒီရွာမှာလည်း မကြာခင် ရေခမ်းသွားမယ့် အနေအထားရှိတယ်” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦး ကပြောသည်။

လက်ရှိ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသော ကျေးရွာအချို့တွင် ရေကိုအကန့်အသတ်ဖြင့် ခပ်ယူကြရန်နှင့် ရေချွေတာသုံးရန် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

“ရွာမှာက စစ်ဘေးရှောင်တွေလည်း ရောက်လာတော့ ပုံမှန်ထက် ရေသုံးစွဲမှုက ပိုများသွားတယ်။ ပြီးတော့ တစ်နှစ်ထက်တစ်နှစ် အပူချိန်တိုးလာမှုကြောင့် ရေကန်တွေက ခမ်းခြောက်မှုမြန်လာတယ်။ နောက်တစ်ခုက ရေသိုလှောင်ကန်တွေ မလုံလောက်တာကြောင့်လည်း ရေရှားပါးမှုကို ကြုံနေရတာလို့ ပြောချင်တယ်” ဟု မြို့ချောင်းကျွန်းမှ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၅၀ ကျော်ရှိပြီး တစ်ချို့ကျေးရွာများတွင် အဝီစိတွင်းများရှိသော်လည်း ကျေးရွာအများစုမှာ မြေသားကန်များတူး၍ မိုးရေကို သိုလှောင် သုံးစွဲကြရသည်။

သောက်သုံးရေ အခက်အခဲဖြစ်သော ကျေးရွာအများစုမှာ ရေလှောင်ကန်များ နည်းပါးမှုကြောင့်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း စက်လှေနှင့် မော်တော်ကားများဖြင့် ရေအရင်းအမြစ်ရှိရာသို့ သွားခပ်ယူရကြောင်း ပြောဆိုကြသည်။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...