ကျန်းမာရေးဝန်ထမ်းအင်အား လျော့ကျမှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ကာကွယ်မှုများ မလုပ်နိုင်

ကျန်းမာရေးဝန်ထမ်းအင်အား လျော့ကျမှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ကာကွယ်မှုများ မလုပ်နိုင်

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများကိုတွေ့ရစဉ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကျန်းမာရေးဝန်ထမ်းအင်အားတွေ လျော့နည်းမှုကာ အသိပညာပေးမှုတွနဲ့ ကြိုတင်ကာကွယ်မှုတွေ မလုပ်နိုင်တာကြောင့် ရာသီရောဂါတွေဟာ စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ကျန်းမာရေးမှူးတွေက ပြောဆိုကြပါတယ်။

“သွေးလွန်တုတ်ကွေးက အရင်က ကလေးတွေမှာသာ အဖြစ်များပေမယ့် အခုက လူကြီးတွေမှာလည်း ဖြစ်လာတာကိုတွေ့တယ်။ အရင်တုန်းကဆိုရင်တော့ သွေးလွန်တုတ်ကွေး ပညာပေးဟောပြောပွဲတွေလုပ်တယ်။ ဖုံးသွန်လဲစစ်တွေလုပ်တယ်၊ အခုကတော့ ကျန်းမာရေးဝန်ထမ်းအင်အားတွေလည်း မလုံလောက်တော့ ကာကွယ်ဖို့တွေလည်း မလုပ်နိုင်ဘူး။ အထူးသဖြင့် ဒီဘက်နယ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေက တအားနည်းတာ” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါတွေအကြောင်းကို အသိပညာပေးဟောပြောမှုတွေနဲ့ ကျေးလက်ဒေသတွေမှာ လိုက်လံပြီး ဆောင်ရွက်မှုတွေဟာ အခုကာလမှာတော့ လုပ်နိုင်ခြင်းမရှိတော့တဲ့ အခြေအနေတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကြုံကြရပါတယ်။

ယခင်က လစဉ် အသိပညာပေးမှုတွေ ဆောင်ရွက်ခဲ့ပေမယ့်လည်း ရာသီအလိုက်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေဟာ ဖြစ်ပွားမြဲဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ ပို၍ဖြစ်ပွားနိုင်တယ်လို့ ဆိုကြပါတယ်။

ကူးစက်ရောဂါတွေ ဖြစ်လာတဲ့အခါမှာ ကုသမှုတွေ လုပ်ဆောင်ပေးရတာလည်း စိန်ခေါ်မှုတွေကြီးမားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါတွေကို ကုသရာမှာလည်း ဆေးဝါးတွေဟာ လေကြောင်းလိုင်းကနေ အဓိကထားသယ်ယူနေရပြီး စျေးနှုန်းတွေလည်း မြင့်တက်နေတာဖြစ်ပါတယ်။

လက်ရှိမှာ နေ့အပူချိန်တွေ မြင့်တက်လာပြီး ကလေးငယ်အများစုမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကြုံနေရတယ်လို့ သိရပါတယ်။

“ကလေးတွေ ဝမ်းပျက်ဝမ်းလျောတွေဖြစ်ပြီးမှ ဆေးခန်းတွေလာတာများနေတာ သုံးလေးယောက်လောက်ရှိပြီ၊ ဒီနေ့မနက်တောင်မှ ရေမသန့်တာရယ်၊ အစားအစာမသန့်ရှင်းတာရယ် အဲ့တာတွေကြောင့် အပူချိန်ကလည်း မြင့်လာတဲ့အခါကြတော့ နေ့ခင်းကနေပူပြီး ညနေကျရင် မိုးရွာတာတို့ အဲ့ဒဏ်တွေကြောင့်လည်းပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ လူဦးရေ နှစ်သိန်းခွဲကျော်အတွက် အာဏာမသိမ်းမှီက ဆရာဝန် ၂၁ ဦး၊ သူနာပြု ၄၃ ဦး၊ လက်ထောက်ကျန်းမာရေးမှူး ၁၁ ဦးရှိခဲ့ပြီး လက်ရှိမှာ ဆရာဝန် ၇ ဦး၊ သူနာပြု ၁၇ ဦးနဲ့ လက်ထောက်ကျန်းမာရေးမှူး ၄ ဦးသာရှိတော့တာလည်းဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ  ကျေးရွာပေါင်း ၃၇၀ ကျော်မှာ ကျေးလက်ကျန်းမာရေး ၁၄ ခုနဲ့ ကျန်းမာရေးဌာနခွဲ  ၅၇ ခုရှိပေမယ့်လည်း အားလုံးနီးပါးဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ အခက်အခဲမျိုးစုံကြောင့် ပိတ်ထားရတာလည်းဖြစ်ပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...