ရေစကြိုမြို့နယ် ဗလဘကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၂ ရက်ဆက် မီးရှို့

ရေစကြိုမြို့နယ် ဗလဘကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၂ ရက်ဆက် မီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ခြမ်းရှိ ဗလဘကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

ရေစကြိုမြို့နယ် ခလရ (၂၅၈) မှ ထွက်လာသည့် အင်အား ၂၀၀ ပါ စစ်ကြောင်းသည် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ဗလလကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့အထိ ကျေးရွာအား မီးရှို့နေကြောင်း ရေစကြို (ပကဖ) အဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းက “မနေ့ည (ဧပြီလ ၂၁ ရက်နေ့) ကတည်းက ဝင်ပြီး ရှို့နေတာ ဒီနေ့ နေ့လယ်ခင်းအထိ ရှို့နေတာ တရွာလုံး ကုန်သလောက်ဖြစ်နေပြီ“ ဟု ပြောသည်။

ဗလဘကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေကို မသိရသေးပေ။

အဆိုပါ စစ်ကြောင်းသည် ရေစကြိုမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို နယ်မြေရှင်းလင်းရေးပုံစံ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “၂၀ ရက်နေ့ကတည်းက ထွက်လာပြီး အဲ့နားက ကြူရွာကိုဝင်တယ် ကြူရွာမှာလည်း ဒေသခံတဦးကို သတ်သွားတာ အခုထိ အလောင်းမကောက်နိုင်သေးဘူး” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများရှိခဲ့သော်လည်း ထိခိုက်သေဆုံးမှု အခြေအနေများကို သိရှိရခြင်းမရှိသေးကြောင်း အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းအချိန်ကလည်း ဗလဘကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဖိုးအိုတဦးသေဆုံးပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၉ လုံး ပျက်စီးခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့ထံက သိရသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...