ဝန်းသို လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၂၄ ဦးထက်မနည်း သေဆုံး

ဝန်းသို လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၂၄ ဦးထက်မနည်း သေဆုံး
ဧပြီ ၉ ရက်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု။ ထိုလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ (ဓါတ်ပုံ - Kawlin Info)
ဧပြီ ၉ ရက်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု။ ထိုလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ (ဓါတ်ပုံ - Kawlin Info)

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၉ ရက် ည‌နေတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးသွားကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောသည်။

နန်းခမ်းရွာကို ညနေ ၃ နာရီခန့်တွင် လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီခန့်တွင်လည်း နောက်တကြိမ် လာရောက်တိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။

”မိတ္ထီလာလေတပ်ကနေ တက်လာပြီး လာပစ်တာ။ ၃ စီးတက်လာပြီး ၄ ကြိမ်ဗုံးကြဲသွားတာပါဗျ။ သေဆုံးထိခိုက်တာတွေ များပါတယ်ဗျ” ဟု ဒေသခံတဦးကပြောသည်။

ယမန်နေ့ ည ၉ နာရီခွဲခန့်အထိ ရရှိထားသောစာရင်းအရ သေဆုံးသူ ၂၄ ဦးရှိပြီး နေအိမ်အချို့လည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒဏ်ရာရသူများလည်းရှိနေသေးကြောင်း သိရပြီး ထိခိုက်သေဆုံးသူအရေအတွက် အတိအကျကို အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေသတွင်းသတင်းများ ဖော်ပြပေးနေသည့် ကောလင်းအင်ဖိုလူမှုကွန်ရက်စာမျက်နှာက သတင်းထုတ်ပြန်ရာတွင် ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားကြောင်း ဖော်ပြထားသည်။

မတ်လ ၂၈ ရက်က လှုပ်သည့် အင်အားပြင်းငလျင်ကြောင့် ပြည်သူများ ဘေးသင့်နေချိန် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးချိန်မှ ဧပြီလ ၈ ရက် မွန်းလွဲပိုင်းအထိ ဒေသအနှံ့တွင် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ပြီး ကလေးငယ်၆ ဦးနှင့် အမျိုးသမီး ၃၀ အပါအဝင် အရပ်သား ၇၂ ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...