လွိုင်ကော်မြို့ထဲ ဝင်ရောက်လာသူတွေရဲ့ ငွေလွဲအ‌ကောင့်တွေကို စစ်ကောင်စီ စစ်ဆေး၊ ဖမ်းဆီးခံရသူရှိ

လွိုင်ကော်မြို့ထဲ ဝင်ရောက်လာသူတွေရဲ့ ငွေလွဲအ‌ကောင့်တွေကို စစ်ကောင်စီ စစ်ဆေး၊ ဖမ်းဆီးခံရသူရှိ

တခြားဒေသကနေ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း ပြန်ဝင်လာတဲ့သူတွေကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ငွေလွဲအကောင့်တွေကိုပါ စစ်ဆေးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Kpay လို အွန်လိုင်း ငွေလွဲအကောင့်ရှိသူတွေကို စစ်ဆေးရာကနေ ဖမ်းဆီခံရသူတွေလည်း ရှိတယ်လို့ မြို့ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ငွေလွှဲတဲ့ဟာ အဓိကစစ်တယ်။ နောက် ပထမ မိထားတဲ့သူရဲ့ ငွေလွဲထားတဲ့သူစာရင်းတွေနဲ့ ပြန်လိုက်တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက လွိုင်ကော်မြို့တွင်း အဝင်/အထွက် ပြုလုပ်နေသူတွေကို စစ်ကောင်စီက စစ်ဆေးပြီး မှတ်ပုံတင်နဲ့ သူတို့မှာရှိတဲ့ Tablet ထဲက အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်နေတာပါ။

မတ်လအတွင်းမှာပဲ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖမ်းခံရတာရှိတယ်လို့ နောက်ထပ် လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အရင် ရှေ့ ၃ ပတ်လောက်က ကရင်နီပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ် ၂ အုပ်နဲ့ အမျိုးသားတယောက် ဂိတ်မှာ ဖမ်းမိတယ်။ ပြီးတော့ အရင်ရှေ့ ၂ ပတ်လောက်က တောင်ကြီးကနေ လွိုင်ကော်ပြန်ပြီး ကလေးကျောင်းထားဖို့ အိမ်ထောင်စုစာရင်း ပြန်လုပ်မယ်ဆိုပြီးပြန်တာ လွိုင်ကော်အဝင် ပြည်နယ်အားကစားဝန်းဂိတ်မှာ မှတ်ပုံတင်ကော K pay ကော စစ်ခံရပြီး အမျိုးသမီးတစ်ဦး ဖမ်းမိတာရှိတယ်” လို့ လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လူထုတွေ အသုံးပြုကြတဲ့ ငွေလွဲအကောင့် တစ်ခုခုကနေ စစ်ဆေးတဲ့အခါ စစ်ကောင်စီရဲ့ စစ်ဆေးတဲ့စက်တွေမှာ အသုံးပြုထားတဲ့ အချက်အလက်တွေ အားလုံးပြန်ပေါ်တယ်လို့ အစစ်ဆေးခံရသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာလည်း CDM ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...