ဒူးရင်းသီး လိုက်ကောက်သူ မိုင်းနင်းမိ၍ ခြေထောက်ပြတ်

ဒူးရင်းသီး လိုက်ကောက်သူ မိုင်းနင်းမိ၍ ခြေထောက်ပြတ်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာသားတစ်ဦး နေအိမ်အနီးတွင် ဒူးရင်းသီး လိုက်ကောက်ရင်း မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်သွားခဲ့သည်ဟု ရွာသားများက ပြောသည်။

အသက် ၃၀ နှစ်အရွယ် ကိုပြုံးဆန်းအောင်သည် နေအိမ်ခြံဝင်းအတွင်း မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဒူးရင်းသီးကောက်သွားချိန်၌ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “သူ့အိမ်ခြံဝန်းထဲက ဒူးရင်းပင်နားမှာ ကြွေကျနေတဲ့ အသီးရှာရင်း နင်းမိတာ။ ခြေကျင်းဝတ်ကနေ ပြတ်ထွက်သွားတယ်။ ဘယ်သူထောင်ထားတဲ့ မိုင်းလည်းဆိုတာတော့ မသိပါဘူး၊ အခုလက်ရှိတော့ ထားဝယ်ဆေးရုံကြီးကို ပို့ထားတယ်” ဟု ပြောသည်။

ရွာသားများ ဆင်ထိုးကြီးကျေးရွာတွင် ယခုမတ်လ အစောပိုင်းမှ ပြန်လည်ဝင်ရောက်ထိုင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နှစ်ကုန်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆင်ထိုးကြီးကျေးရွာထဲတွင် KNLA နှင့် PDF ပူးပေါင်းတပ်များ တပ်စွဲနေထိုင်ခဲ့ကြပြီး KNLA တပ်ဖွဲ့မှ စစ်ဘေးရှောင်များကို ကျေးရွာထဲတွင် ဝင်ရောက်နေထိုင်ခွင့်မပြုသဖြင့် ရွာသားများ နေရပ်မပြန်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးမှ ရွာသားများ၏ တောင်းဆိုမှုများအရ စစ်ဘေးရှောင်များကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှစ၍  ရွာထဲသို့ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုခဲ့သဖြင့် ကိုပြုံးဆန်းအောင်အပါအဝင် စစ်ဘေးရှောင်အချို့ ရွာထဲတွင် ပြန်နေထိုင်ကြခြင်း ဖြစ်သည်။

စစ်ဘေးရှောင်နေကြရသူ အများစုမှာ ကိုပြုံးဆန်းအောင် မိုင်းနင်းမိသည်ကို ကြားကြရသည်နှင့် ရွာထဲသို့ ပြန်ဝင်ရန် မရဲဘဲရှိနေကြသည်။

ပလောက်မြို့တွင် အမှတ် ၁၂ တန်းမြင့် တပ်မတော် လေ့ကျင့်ရေး စစ်သင်တန်းကျောင်းရှိပြီး စစ်ကောင်စီတပ်ဖွဲ့က မြို့လုံခြုံရေးအတွက် ဘုရင်တောင်ကျေးရွာတွင် တပ်စွဲထားသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...