ဘားအံမြို့နယ်က ကျေးရွာ နှစ်ရွာ ဗုံးကြဲခံရ

ဘားအံမြို့နယ်က ကျေးရွာ နှစ်ရွာ ဗုံးကြဲခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲသနကျေးရွာနဲ့ ထီးကျော်ခီးကျေးရွာတို့ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ KNU သထုံခရိုင်က မတ် ၃ ရက်‌မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က အဲဒီကျေးရွာနှစ်ရွာကို ဂျက်ဖိုက်တာ‌ လေယာဉ်တစ်စီးနဲ့ ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့တာပါ။

"တိုက်ပွဲဖြစ်တာတော့မရှိဘူး။ လေကြောင်းကနေ အကြောင်းမဲ့ လာပစ်သွားတာပါ။ ရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်" လို့ KNU သထုံခရိုင်အတွင်းရေးမှူး စောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရလို့ ထီးကျော်ခီးကျေးရွာက နေအိမ်တစ်လုံး၊ မဲနသတောင်ခြေက ဘုန်းကြီးကျောင်းရှိ ဘာသာ‌ရေးအဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။

ဗုံးကြဲမှုကြောင့် ကျောင်းသား/ကျောင်းသူတွေ ကျောင်းမတက်ရဲ‌တော့သလို ဒေသခံပြည်သူ‌တွေလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးတွေဟာ ၁၂၀ မမ ဗုံးသီးတွေနဲ့ လက်လုပ် ကော်ဗုံးသီးတွေဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ဘားအံမြို့နယ် တဂေးလောင်ကျေးရွာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ဘုန်းကြီးကျောင်းက သိမ်အပါအဝင် အဆောက်အဦး ၁၁ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

May 20, 2026
မွန်ပြည်နယ်မှာ စစ်တပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိထားတဲ့...
ဓာတ်ပုံ - MOI
May 19, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက...
May 18, 2026
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ နေရပ်ပြန်မယ့် ရေလုပ်သား ၅၀ ကျော်ကို စစ်ကော်မရှင်တပ်နဲ့...
May 16, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကို...