နောင်ချိုမြို့နယ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရ
နောင်ချိုမြို့ လေကြောင်းဗုံးကြဲခံရသည့် နေအိမ်။
နောင်ချိုမြို့ လေကြောင်းဗုံးကြဲခံရသည့် နေအိမ်။

သျှမ်းပြည်မြောက်ပိုင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ည ၉ နာရီဝန်းကျင်အချိန်တွင် နောင်ချိုမြို့ရှိ လောက်ဖန်းကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာတွင် ဒေသခံ အသက်ကြီးသည့် အမျိုးသမီးတစ်ဦး ‌သေဆုံးသွားပြီး ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက ၈ နာရီကျော် ၉ နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ထပ်မံလာကြဲတယ်။ လောက်ဖန်းရွာမှာ ချသွားတာ။ ဒေသခံ အဖွားတော့ သေသွားတယ် ဒဏ်ရာပြင်းထန်တော့ ကလေးလည်းအပါအဝင် ၄ ဦး ဒဏ်ရာရထားတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၉ ရက်) နေ့ ညနေ (၈) နာရီကျော်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်သောကြောင့် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ (၃) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားတပ်မတော် (TNLA) တို့ ဆွေးနွေးမှု မအောင်မြင်မှုကြောင့် စစ်ကောင်စီမှ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

TNLA နှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အလှန် တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနိူင်းရန် ခက်ခဲသောကြောင့် ဖေဖော်ဝါရီလ (၁၇) ရက် ညနေပိုင်းတွင် တွေ့ဆုံပွဲ ရပ်ဆိုင်းခဲ့ရသည်။

စစ်ကောင်စီနှင့် TNLA တို့သည့် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ၂၀၁၄ ခုနစ် အောက်တိုဘာလမှစတင်ကာ ထိတွေ့တိုက်ပွဲမဖြစ်ပွားခဲ့ဘဲ စစ်ကောင်စီဘက်မှ တဖက်သတ် လက်နက်ကြီးလက်နက်ငယ်နှင့် လေကြောင်းထိုစစ်ဆင်မှုသာ ရှိခဲ့သည်။

January 19, 2026
စိုင်းဟန်လင်း —ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို...
January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...
January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...
January 15, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်...