တနင်္သာရီမြို့တွင် ဧည့်စာရင်းစစ်ပြီး လူငယ်များကို ဖမ်းဆီးစစ်မှုထမ်းရန် လူစုနေ

တနင်္သာရီမြို့တွင် ဧည့်စာရင်းစစ်ပြီး လူငယ်များကို ဖမ်းဆီးစစ်မှုထမ်းရန် လူစုနေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းရန် လူစုဆောင်းမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံတို့က အသီးသီးပြောဆိုသည်။

အဆိုပါ တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်များသို့ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး လူငယ် ၁၇ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့ခံတို့က ပြောသည်။

ဧည့်စာရင်းစစ်စဉ် လူငယ်များကို ဖမ်းဆီးခံရမှုဖြစ်စဉ်အပေါ် သိထားသည့် မြို့ခံအမျိုးသမီးတစ်ဦးက “ဒီရက်ပိုင်းမှာ ပိုပြီးတော့ ဖမ်းခံထိတယ်။ အဓိက ဖမ်းခံထိတာကတော့ မူးယစ်ဆေးမှုနဲ့ ဖမ်းတယ်။ ပြီးတော့ အရင်က ပြစ်မှုရှိတဲ့သူတွေကိုလည်း နေအိမ်အတိအကျနဲ့ လာပြီးတော့ဖမ်းတယ်။ ထောင်မကျခြင်ရင် စစ်မှုထမ်းရမယ်ဆိုပြီး မေးတာတွေလည်းရှိတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၁၀ ဦးကျော်ကို တနင်္သာရီမြို့၊ တံတားထိပ်ရှိ အောက်ကင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ - ၅၅၇ တပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဖမ်းဆီးခံရသည့် လူငယ်မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ စစ်မှုထမ်းရန် လူစုဖမ်းဆီးမှုသတင်းများ ထွက်ပေါ်နေသည့်အတွက် တနင်္သာရီမြို့ပေါ်၌ ညနေစောင်းပိုင်းမှစ၍ လူအသွားအလာနည်းသွားသည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အရင်က မြို့ပေါ်နေရာတွေမှာ ဖမ်းဆီးတာတွေ မရှိခဲ့ဘူး။ အခုရက်ပိုင်းမှ ဖမ်းတယ်ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ အဲ့ဒီနောက်ပိုင်း ညဘက် သွားလာတာတွေ တော်တော်နည်းပါးသွားတယ်။ အရင်လို မဟုတ်တော့ဘူး” ဟု ၎င်းကပြောသည်။

ထို့အပြင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင်လည်း စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး လူငယ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများ နေထိုင်သွားလာရေး မလုံခြုံမှုများနှင့် ကြုံတွေ့နေရသည်ဟု ပြောဆိုသည်။

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...