မင်းတပ်က ဝဥ စိုက်ပျိုးတဲ့တောင်သူတွေ ဝဥ ဈေးကောင်းပြန်ရလာတယ်လို့သိရ

မင်းတပ်က ဝဥ စိုက်ပျိုးတဲ့တောင်သူတွေ ဝဥ ဈေးကောင်းပြန်ရလာတယ်လို့သိရ

ဝဥကို အဓိက စီးပွားဖြစ် စိုက်ပျိုးရောင်းချနေတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်က တောင်သူတွေ ဒီနှစ်မှာ ဝဥ ဈေးကောင်းပြန်ရလာတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝဥဈေးနှုန်းက အစိုတစ်ပိဿာ ၆၀၀ ကျော်ဝန်းကျင်ကနေ လက်ရှိ  ၁,၅၀၀ ကျပ်အထိ ဈေးပြန်ရပြီး ဝဥ အခြောက် တစ်ပိဿာ ကျပ် ၅,၀၀၀ ကျော်ဈေးကနေ ၁၀,၀၀၀ ကျော်အထိ ဈေးပြန်ရလာတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ဝဥဈေးတွေကတော့ ပိုကောင်းလာတယ်လို့ သိရတယ်။ ဈေးတော့ ဘယ်လောက်ရလဲတော့ အတိအကျမသိဘူး။  ဒီနှစ်တော့ အောက်ပြည်နဲ့နီးတဲ့ ဒေသတွေကို ရောင်းကြတယ်။ ဒိုင်တွေဘက်ကလည်း ဈေးကောင်းပေးဝယ်တယ်။ ဒါပေမယ့် လက်လှမ်းမမှီတဲ့ ဒေသတွေမှာတော့ မသေချာ မရေရာပါပဲ။ ဒါပေမယ့် ဝဥစိုက်တဲ့ တောင်သူတွေက ဒီနှစ် ဈေးကောင်းရတယ်ဆိုတော့ အားပိုရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က ဝဥ အစို တစ်ပိဿာ ၁,၅၀၀ ကျပ်ဝန်းကျင်ရှိပြီး ဝဥ အခြောက်တစ်ပိဿာက ၂၀,၀၀၀ ကျပ်အထိ ဈေးရှိခဲ့တယ်လို့လည်း သိရပါတယ်။

မင်းတပ်မြို့နယ်မှာ ဝဥကို အဓိက စီးပွားဖြစ် စိုက်ပျိုးကြတာဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဝဥစိုက်ပျိုးတဲ့ တောင်သူတွေဟာ ပို့ဆောင်ရေးအခက်အခဲနဲ့ စျေးကွက်အခြေအနေတွေကြောင့် အရင်ကထက် ဈေးကောင်းမရတဲ့အခြေအနေ ကြုံခဲ့ရာက အခုမှ ဈေးကောင်းပြန်ရလာတာလို့လည်း သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဝဥရောင်းတဲ့ ဈေးကွက်တွေတော့ ရှိခဲ့ပေမယ့် ဝဥ အခြောက်တစ်ပိဿာကို ၅,၀၀၀ ကျော်ဝန်းကျင်နဲ့ ဝဥအစိုတစ်ပိဿာကို ၆၀၀ ကျော်ဝန်းကျင်သာ ဈေးရခဲ့ပြီး အာဏာမသိမ်းခင်က ဈေးနှုန်းရဲ့ သုံးပုံတစ်ပုံလောက်သာ ရခဲ့တာလို့ သိရပါတယ်။

ဝဥကို စားသောက်ကုန် (ကုန်ချော) ဖြစ်အောင် ပြန်လုပ်ပြီး ပြည်ပနိုင်ငံတွေကို အဓိက တင်ပို့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ထွက်ပေါက်တွေ အားလုံးနီးပါး ပိတ်ဆို့တာနဲ့  မြန်မာနိုင်ငံမှာ အခြေချပြီး ဝယ်ယူနေတဲ့သူတွေကလည်း ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှု အဆင်မပြေတာတွေ စတဲ့အခက်ခဲတွေကြောင့် ဝယ်ယူမှုနည်းပါးသွားပြီး ဈေးနှုန်း အကျဘက်ကို ဦးတည်သွားခဲ့ရတာလို့လည်း သိရပါတယ်။

March 20, 2026
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူ တရပ်လုံးအနေဖြင့် အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်ဖြင့်...
March 17, 2026
နိုင်ငံတကာကလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့...
March 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရတဲ့...
March 14, 2026
ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ...