အိန္ဒိယ-မြန်မာ နယ်စပ် အဝင်/အထွက် ကန့်သတ်မှုကို ဖြေလျှော့ပေးဖို့ ဗဟိုအစိုးရကို ZORO ထပ်မံတောင်းဆို

အိန္ဒိယ-မြန်မာ နယ်စပ် အဝင်/အထွက် ကန့်သတ်မှုကို ဖြေလျှော့ပေးဖို့ ဗဟိုအစိုးရကို ZORO ထပ်မံတောင်းဆို

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်အကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR စနစ် ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာခွင့် ကန့်သတ်မှုကို ပြန်လည်ဖြေလျှော့ပေးရန် ZORO အဖွဲ့က ထပ်မံတောင်းဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အိုင်ဇောလ်မြို့ Press Club မှာ သတင်းစာရှင်လင်းပွဲကျင်းပပြီး ထပ်မံတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (UNDRIP) ကြေညာစာတမ်းက မိမိတို့ကိုပေးထားတဲ့ အခွင့်အရေးတွေကို အိန္ဒိယဗဟိုအစိုးရက ရိုက်ချိုးနေတာဖြစ်တာ၊ မိမိတို့ဌာနေတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ အိန္ဒိယအစိုးရရဲ့လုပ်ရပ်အပေါ် အလွန်စိတ်မကောင်းဖြစ်ရပါတယ်၊ လွတ်လပ်စွာ နယ်စပ်ဖြတ် ကျော်သွားလာခွင့်စနစ် FMR ကို ပြန်လည်အသက်သွင်းပြီး နယ်စပ်ဖြတ်ကျော်တဲ့အခါ Border Pass (နယ်စပ်ဖြတ် ကျော်ခွင့်ကဒ်) မဖြစ်မနေ ယူရမယ်ဆိုတဲ့ အမိန့်ကို ပြန်လည်ဖြေလျှော့ပေးဖို့ တောင်းဆိုပါတယ်၊ ဒီကိစ္စနဲ့ဖြေရှင်းမပေးဘူးဆိုရင် ရတဲ့နည်းနဲ့ အဆုံးတိုင် ဆက်လက်တောင်းဆိုသွားမယ်" ဟု ZORO အဖွဲ့က ဆိုသည်။

အိန္ဒိယ ဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာနိုင်မည့် စစ်ဆေးရေးဂိတ် ၁၈ ခုထားရှိရန် စီစည်ထားပြီး နှစ်နိုင်ငံပြည်သူများသည် ဆွေမျိုးတွေ့ဆုံခြင်း၊ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အားကစား၊ ကျန်းမာရေး၊ အစည်းအဝေး၊ ယဉ်ကျေးမှုဖလှယ်ခြင်း စသည့် ကဏ္ဍများအတွက် Border Pass များရယူကာ ဖြတ်သန်း သွားလာခွင့်ရှိမည်ဖြစ်သည်ဟု သိရသည်။

Border Pass (နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်) ရယူနိုင်သည့်သူများမှာ နယ်စပ်မှ ၁၀ ကီလိုမီတာအကွာတွင် နေထိုင်သူများသာဖြစ်ပြီး ယင်းကဒ်၏ သက်တမ်းမှာလည်း ၇ ရက်သာ အသက်ဝင်မည်ဖြစ်သည်။

၇ ရက်ပြည့်သည့်အခါ ကဒ်ထုတ်ယူခဲ့သည့်နေရာတွင် ပြန်လည်အပ်နှံပြီး မိမိနေရပ်ကို ပြန်သွားရမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ Border Pass ထုတ်ပေးနိုင်သူများသည် အရပ်ဖက်အရာရှိ (သို့မဟုတ်) တရားရေးဆိုင်ရာပုဂ္ဂိုလ်များ ဖြစ်သင့်သော်လည်း ကဒ်ထုတ်ပေးခွင့်ရှိသူမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ဖြစ်နေခြင်းမှာ ထူးဆန်းနေသည်ဟု ZORO အဖွဲ့က ဆိုသည်။

အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ကျော် ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ နှစ်နိုင်ငံပြည်သူများ ဝင်/ထွက်သွားလာခွင့်ကို ကန့်သတ်တင်းကြပ်လိုက်ခြင်းဖြစ်သည်။

May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...
May 23, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့...