အမ်း နပခ မြေအောက်လိုဏ်ခေါင်းအတွင်းမှ စစ်ကောင်စီအရာရှိတချို့ ပြန်လည်ခုခံမှုများ ရှိနေသေးဟုဆို

အမ်း နပခ မြေအောက်လိုဏ်ခေါင်းအတွင်းမှ စစ်ကောင်စီအရာရှိတချို့ ပြန်လည်ခုခံမှုများ ရှိနေသေးဟုဆို

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီဖြစ်သော်လည်း လက်နက်မချသည့် စစ်ကောင်စီတပ် အရာရှိအချို့နှင့် တပ်သားများက ပြန်ခုခံနေ၍ ပွဲမပြတ်သေးဘဲ ဖြစ်နေသေးသည်ဟု သတင်းရရှိသည်။

"နပခ အထဲမှာက သူတို့ ဟိုးအရင်ကတည်းက လိုဏ်ဂူတွေ မြေအောက်စခန်းတွေ ဖောက်ထားတာရှိတယ်။ အခုလက်ကျန်က အဲ့ဒီမြေအောက် ဥမင်လိုဏ်းခေါင်းထဲကနေ  စစ်ကောင်စီတပ်သားအချို့  ပြန်ခုခံနေလို့ တိုက်ပွဲက မပြတ်သေးဘူး။ အဲ့ဒီနေရာတစ်ဝိုက်လောက်ပဲ ကျန်တာ" ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် ၎င်းနေရာကို  စစ်ကောင်စီထံမှ သိမ်းဆည်းထားသည့် ဟောင်ဝှစ်ဇာလက်နက်ကြီးနှင့် အတွဲလိုက်ပစ်ဒုံးများဖြင့် ၎င်းနေရာများကို ပစ်ခတ်တိုက်ခိုက်နေသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မဲတောင်ဗျူဟာတွေ၊ စကစရဲ့ တပ်တွေက သိမ်းထားတဲ့ လက်နက်တွေနဲ့ AA က ပစ်နေတာတော့ရှိတယ်။ သူတို့ ကြာကြာခံနိုင်မှာမဟုတ်ဘူး" ဟု ပြောသည်။

၎င်းအပြင် နပခ၏ အဆောင်တချို့တွင်ရှိနေသည့် စစ်ကောင်စီတပ်သားများမှာ AA ၏ တိုက်ခိုက်မှုဒဏ်၊ အစာရေစာပြတ်လပ်မှုဒဏ်ကို မခံနိုင်သည့်အတွက် မကြာခဏ လက်နက်ချ အလံဖြူထောင်မှုများလည်းရှိနေသည်ဟု ၎င်းကပြောသည်။

"အဆောင်တွေမှာရှိတဲ့ စစ်သားတွေက ဒီ‌ဇင်ဘာ ၁၄ ရက်နေ့ကဆိုရင် ၃၀ ဟိုတစ်နေ့ကဆိုရင် အယောက် ၅၀ လောက်။ အဲသလို အလံဖြူထောင်ကြတယ်။ အရင်နေ့တွေကလည်း အသုတ်လိုက်စီဝင်လာကြတယ်" ဟု ပြောသည်။

အာရက္ခတပ်တော်သည် အမ်း နပခ ထံမှ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိထားပြီး လက်နက်ချအညံ့ခံလာသူနှင့် ဖမ်းဆီးရမိသူ ရာနှင့်ချီရှိနေကြောင်း သိရသည်။

စစ်ကောင်စီဖက်မှလည်း နပခနှင့် တိုက်ပွဲဖြစ်ပွားသည့် အနီးအနားဝန်းကျင်ကို လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသဖြင့် အောက်ရွာ၊ မြို့ပေါ်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်မှနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတချို့လည်း ပြိုပျက်စီးမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

အာရက္ခတပ်တော် (AA) က ယနေ့တွင် အမ်းမြို့တွင်တည်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ ပကတိ မြေပြင်အခြေအနေကို ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ပါသည်။

ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလည်း "စောစောအလံဖြူထောင်လျှင် စောစောအသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်" ဟုလည်း အလံဖြူထောင် လက်နက်ချက်ကြရန်လည်း တိုက်တွန်းဖော်ပြထားသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...