နပခကို သိမ်းပိုက်ပြီးလျှင် တော်လှန်ရေးအင်အားစုများ အားကောင်းလာနိုင်

နပခကို သိမ်းပိုက်ပြီးလျှင် တော်လှန်ရေးအင်အားစုများ အားကောင်းလာနိုင်
ကျောင်းသားလက်ရုံးတပ်တော် (SAF)
ကျောင်းသားလက်ရုံးတပ်တော် (SAF)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက်လိုက်လျှင် ရခိုင်ရိုးမအရှေ့တကြောတွင် စစ်ရေးလှုပ်ရှားနေသည့် နွေဦးတော်လှန်ရေး အင်အားစုများအတွက် ပိုပြီးအားကောင်းလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

လက်ရှိတွင် ရခိုင် - မကွေး နယ်စပ်မျဉ်းရှိ ရိုမတောင်တန်းတွင် ကျောင်သားလက်ရုံးတပ်တော် (SAF)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – MAGWAY) စသည့် တော်လှန်ရေးအင်အားစုများက စစ်ရေးလှုပ်ရှားလျှက် ရှိနေသည်။

“ဒီအနောက်ဘက်စစ်မျက်နှာသာ အတိုင်းတာတစ်ခုအထိ ပွင့်သွားမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း၊ တခြားသော စစ်အသုံးဆောင်ပစ္စည်းတွေ၊ ရိက္ခာတွေ စတဲ့ ကုန်သွယ်မှုပစ္စည်းတွေ ဝင်လာလို့ရတယ်လို့ မျှော်မှန်းထားတယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောသည်။

AA က အပြင်းအထန် ထိုးစစ်ဆင်နေသည့် အမ်းမြို့နယ်သို့သွားသည့် စစ်ကောင်စီ၏ စစ်ကူယာဉ်တန်းများကို တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်နေ၍ ရိုးမတောင်တကြောတွင် တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ရှိနေသည်။

လက်ရှိ အမ်းမြို့တွင် နပခဌာနချုပ်တစ်ခုသာ ကျန်ရှိတော့ပြီး အလုံးစုံသိမ်းပိုက်နိုင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိနေပြီဟု AA စစ်ရေးသတင်းရင်းမြစ်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် DMG သို့ ပြောခဲ့သည်။

“သိမ်းပိုက်နိုင်ဖို့ နည်းနည်းပဲကျန်တော့တယ်။ နပခအထဲကို ရောက်သွားပြီ။ သိပ်မကြာခင် သိမ်းယူနိုင်တော့မှာပါ” ဟု AA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ရခိုင်ရိုးမ အနောက်ဘက်ခြမ်း စစ်မျက်နှာရှိ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် တိုက်ပွဲများ ယနေ့အချိန်ထိ  ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

ယင်းအထဲ  အမ်းမြို့နယ်သည် မကွေးတိုင်းနှင့် ထိစပ်နေ၍  အမ်းမြို့ကျသွားလျှင် မကွေးစစ်မျက်နှာအထိ  ထိုးဖောက်ဝင်ရောက်ရန် တော်လှန်ရေးအင်အားစုများက ပြင်ဆင်ထားခြင်းများရှိသည်ဟု သိရသည်။

“ရိုးမတကြောမှာ မဟာဗျူဟာမြောက် နေရာယူနိုင်တဲ့အခြေအနေ၊ ထိုးစစ်ဆင်နေတဲ့ အခြေအနေတွေတော့ အများကြီး မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ တော်လှန်ရေအင်အားစုတွေအနေနဲ့ ပြင်ဆင်နေတာရှိတယ်။ အဲဒီကတစ်ဆင့် မကွေးစစ်မျက်နှာအထိ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေတာရှိတယ်” ဟု SAF ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာချိန်မှစ၍ ရခိုင် - မကွေး နယ်ခြားမှတ်တိုင်နှင့် ၁ မိုင်ကျော်သာကွာဝေးသည့် ရိုးမတောင်ကုန်းရှိ နတ်ရေကန်တပ်စခန်းကို စစ်ကောင်စီက မကွေးတိုင်းအတွက် ကာကင်းစခန်းအဖြစ် အသုံးပြုရန် အင်အားဖြည့်ထားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...