အမ်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ

အမ်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
တိုက်ပွဲကြောင့် တောတောင်ထဲတွင် ခိုလှုံနေရသည့် ဂွမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ။  ဓာတ်ပုံ - Thet Lwin Phyo
တိုက်ပွဲကြောင့် တောတောင်ထဲတွင် ခိုလှုံနေရသည့် ဂွမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ။ ဓာတ်ပုံ - Thet Lwin Phyo



တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ၅,၀၀၀ ကျော်မှာ စားနပ်ရိက္ခာအပြင် ဆေးဝါးအကူညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။

နီးစပ်ရာကျေးရွာများနှင့် တောတောင်များတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်များမှာ ဆောင်းရာသီကာလ အအေးဒဏ်ကြောင့် ဖျားနာမှုများဖြစ်ပေါ်နေ၍ ဆေးဝါးအကူညီများ လိုအပ်နေခြင်းဖြစ်သည်။

“ဆောင်းဝင်လာတော့ ကလေးတွေ၊ သက်ကြီးပိုင်းတွေ ဖျားနာရင် ဆေးသောက်လို့ သက်သာနိုင်ပေမဲ့ သောက်မယ့်ဆေးမရှိလို့ သေဆုံးတဲ့အခြေအနေ‌တောင် ရှိနေပြီ” ဟု လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း အဖွဲ့ဝင် ကိုနိုင်နိုင်ဇော်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အမ်းမြို့နယ်မှ စစ်ဘေးရှောင် ကလေးငယ် ၃ ဦးနှင့် သက်ကြီးပိုင်း အမျိုးသမီး ၂ ဦးမှာ အအေးဒဏ်ကြောင့် ဖျားနာရာမှ ဆေးမကုသနိုင်၍ အသက်သေဆုံးခဲ့ရသည်။

တောတောင်ထဲ၌ စစ်ဘေးရှောင်နေသူများထဲတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အို အများအပြား ပါဝင်နေပြီး အအေးဒဏ်ကြောင့် နေမကောင်းဖျားနာမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ပြောဆိုကြသည်။

“စားနပ်ရိက္ခာပိုင်းအပြင် ကျန်းမာရေးအတွက်က ဆေးဝါးအရေးတကြီး လိုအပ်နေပါတယ်။ ပြီးတော့ အနွေးထည်တွေ၊ စောင်တွေလည်း အရေးတကြီး လိုအပ်နေတယ်” ဟု ကိုနိုင်နိုင်ဇော်က ပြောသည်။

စစ်ဘေးရှောင်များမှာ ရာသီဥတုဒဏ်အပြင် အစာရေစာပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေရပြီး ကူညီထောက်ပံ့မှုနည်းပါး၍ အခက်အခဲများစွာဖြင့် ဖြတ်သန်းနေရသည်။

“တောထဲမှာဆိုတော့ အကူအညီပေးတဲ့လူရှိလို့ ရတဲ့အခါ ရကြတယ်။ အစားအသောက်ဆိုရင်လည်း ဒီလိုပဲ မျှပြီး စားသောက်ရတာပေါ့။ တစ်ရက်မှာ တစ်နပ်ပဲစားပြီး နေရတာလည်းရှိတယ်” ဟု တောထဲတစ်နေရာတွင် စစ်ဘေးရှောင်နေသည့် အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် အမ်းမြို့နယ်အတွင်း နပခဌာနချုပ်မှလွဲ၍ ဒေသအများအပြားကို သိမ်းပိုက်ထားပြီး ဌာနချုပ်ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...