ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များ အရေပြားရောဂါကို ကာလရှည်ကြာ ခံစားနေရ

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များ အရေပြားရောဂါကို ကာလရှည်ကြာ ခံစားနေရ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူ အများအပြားမှာ အရေပြားရောဂါဖြစ်ပွားမှုကို ခံစားနေရသည်မှာ တစ်နှစ်နီးပါးကြာမြင့်လာပြီး ငွေကြေးမတတ်နိုင်သဖြင့် အမြစ်ပြတ်အောင် မကုသနိုင်ကြောင်း ပြောဆိုကြသည်။

စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့မှဖြစ်ပြီး  ၂၀၂၄ နှစ်စပိုင်းကနေ ဖြစ်ပွားနေသည့် အရေပြားရောဂါမှာ ယခုအချိန်ထိ ပျောက်ကင်းခြင်းမရှိဘဲ ကူးစက်ပြန့်ပွားနေသည်။

“အရေပြားရောဂါက ကူးစက်ရောဂါတွေလိုပဲ တစ်ယောက်ပြီးတစ်ယောက်ဖြစ်ကြတာ။ တကိုယ်လုံး ဖြစ်သူဖြစ်တယ်။ အများစုက လုံးဝမပျောက်ဘူး။ ဆေးတွေလာလှူလို့ လိမ်းရင် ခဏသက်သာတယ်။ ဆေးမလိမ်းရင် ပြန်ပေါ်လာတယ်။ အဲလိုဖြစ်နေကြတာ တစ်နှစ်လောက်ရှိပြီ” ဟု ပုဏ္ဏားကျွန်းမြို့နယ် တောင်နားကျေးရွာအနီး ခိုလှုံနေသည့် စစ်ဘေးရှောင် ကိုကျော်ဝင်းသူက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာ၊ အောင်ဖြူပြင်၊ ယိုးတရုတ်၊ ကဏန်းတောင်၊ မြတ်လှဲ စသည့် အာရှလမ်းမတစ်လျှောက် ကျေးရွာအနီးအနားရှိ စစ်ဘေးရှောင်အများအပြားမှာ အရေပြားရောဂါများ ခံစားနေရပြီး လက်ရှိရောဂါဖြစ်နေသူ စစ်ဘေးရှောင် ၂ ထောင်ခန့်ရှိကြောင်း ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံးမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

အရေပြားရောဂါသည် လူကြီး၊ ကလေးမရွေး ခန္ဓာကိုယ်အနှံ့ ဖြစ်ပွားနေပြီး ငွေကြေးမတတ်နိုင်၍ ရိုးရာတောဆေးများဖြင့်သာ ကုသနေရကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

“ထမင်းစားဖို့တောင် ရုန်းကန်နေရတဲ့အထဲ ဆေးခန်းသွားပြဖို့လည်း မတတ်နိုင်ဘူး။ ကျနော့်ရင်ဘတ်မှာဖြစ်နေတဲ့ ယားနာက ငါးလလောက်ရှိပြီ။ လုံးဝမပျောက်ဘူး။ ရေမကောင်းလို့လား၊ ရာသီဥတုကြောင့်လား မပြောတတ်ပါဘူး” ဟု သဲတော်ကျေးရွာအနီး စစ်ရှောင်စခန်းတွင်နေထိုင်သူ ဦးသိန်းထွန်းဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အများအပြားမှာ ရေရှားပါးသည့်ပြဿနာနှင့် ရင်ဆိုင်နေကြရပြီး ရွံ့နှစ်ရေများကိုသာ အသုံးပြုနေရကြောင်း DMG က ကွင်းဆင်းလေ့လာရာတွင် တွေ့မြင်ခဲ့ရသည်။

ပုဏ္ဏားကျွန်းမြိုနယ်အတွင်း စစ်ရှောင် ၆ သောင်းကျော်အထိရှိနေပြီး ဆောင်းရာသီကာလအတွင်း အနွေးထည်နှင့် စောင်များအပြင် တခြား စားဝတ်နေရေး ကူညီထောက်ပံ့မှုများလည်း လိုအပ်ချက်မြင့်မားနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...