ပုသိမ်ထောင်ရောက် ရခိုင်အကျဉ်းသားများ ကျန်းမာရေးစောင့်မှုလိုအပ်နေ

ပုသိမ်ထောင်ရောက် ရခိုင်အကျဉ်းသားများ ကျန်းမာရေးစောင့်မှုလိုအပ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသည့် စစ်တွေထောင်မှ အကျဉ်းသားများတွင် နာတာရှည်ရောဂါသည်များပါဝင်ပြီး လတ်တလော၌ အကျဉ်းသားတချို့တွင် အရေပြားရောဂါဖြစ်ပွားကာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။

ဆီးချို၊ သွေးတိုး၊ ထုံနာနှင့် အရေပြားရောဂါ ဖြစ်ပွားနေကြသည့် အကျဉ်းသားများမှာ ထောင်အတွင်း၌ သင့်လျော်စွာ ဆေးဝါးကုသခွင့်မရသည့်အပြင် မိသားစုဝင်များက ထောင်ဝင်စာတွေ့ခွင့်မရသဖြင့် ပုံမှန်သောက်နေကျ ဆေးဝါးမရ၍ အခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။

စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပုသိမ်ထောင်သို့ ထောင်ဝင်စာသွားတွေ့ခဲ့သူ အိမ်ရှင်မတစ်ဦးက “ထောင်ဝင်စာတွေ့မယ့်သူ မရှိသူတွေမှာ တော်တော်လေး ခက်ခဲနေကြပါတယ်။ နောက်တခုက ဆောင်းရာသီဖြစ်တော့ ထုံနာ၊ ကျဉ်နာတွေလည်း ဖြစ်နေကြတယ်။ တခြား ဆီးချို၊ သွေးချို၊ အာရုံကြောအားနည်းတဲ့သူတွေဆို ဆေးတောင် မသောက်ကြရဘူး။ အရေပြားရောဂါဖြစ်တဲ့သူတွေကတော့ စီထရစ်ဇင်းတစ်လုံးပဲ သောက်ရတယ်” ဟု ပြောသည်။

စစ်တွေအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မဖြင့် ထောင်ချမှတ်ခံထားရသူ ၄၀၀ ခန့်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက ပုသိမ်အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အကျဉ်းသားများကို ဒေသနှင့်ဝေးရာသို့ ပြောင်းရွှေ့လိုက်သဖြင့် မိသားစုဝင်အချို့မှာ လမ်းရီးသွားလာမှု၊ ငွေကြေးအခက်အခဲများကြောင့် ထောင်ဝင်သွားတွေ့ရန် အခက်အခဲများရှိနေကြကြောင်း ပြောဆိုသည်။

ထောင်ဝင်စာတွေ့ခွင့်မရသူများသည် စားရေးသောက်ရေးအခက်အခဲအပြင် ထောင်ဝင်စာတွေ့ခွင့်ရသူများထံမှ ဆေးဝါးနှင့် အစားအသောက်များကို ဝေငှသုံးစွဲနေရကြောင်း သိရသည်။

နောက်ထပ် ဗျိုင်းဖြူကျေးရွာမှ ထောင်ဝင်သွားတွေ့ခဲ့သည့် မိသားစုဝင်တစ်ဦးက “ကျမတို့မှာကြတော့ လစာပေးပြီးတော့ စားတာဆိုတော့ အဆင်ပြေတယ်။ မပြေတာကတော့ ထောင်ဝင်စာတွေ့မယ်သူ မရှိသူတွေပဲ။ ကျမတို့မှာ ဆေးဝါးတွေ ထည့်ပေးလိုက်ရင်လည်း အဲဒီကပဲ နီးစပ်ရာနီးစပ်ရာ ဝေငှပြီးတော့သုံးကြတယ်” ဟု ပြောသည်။

ထောင်ဝင်စာတွေ့ခွင့်ကို တလတကြိမ် ခွင့်ပြုပေးထားပြီး ထောင်ဝင်စာပစ္စည်းများနှင့် ပတ်သက်၍လည်း ကန့်သတ်ချက်များရှိနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

၅၀၅ (က) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ၏ မိသားစုဝင်တစ်ဦးက “စစ်တွေထောင်နဲ့ မတူဘူး။ ကန့်သတ်ချက် တွေ အများကြီးရှိတယ်။ သရေစာတွေဆိုရင်လည်း တစ်လစာဆိုပြီး မသွင်းရဘူး။ ကော်ဖီထုပ်ဆိုရင် အထုပ်သေး ၇ ထုပ်၊ ကွပ်ကီးတွေဆိုလည်း နည်းနည်းပဲသွင်းရတယ်။ တခြားကန့်သတ်ချက်တွေလည်း အများကြီးတွေ့ရပါတယ်" ဟု ပြောသည်။

အကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားတိုင်းသည် ထောင်တွင်းအကျဉ်းကျနေစဉ်ကာလတွင် သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်များရှိပြီး တစ်ပတ်တကြိမ် ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသော်လည်း အကျဉ်းသားများမှာ အဆိုပါအခွင့်အရေးကို ဆုံးရှုံးနေကြရသည်။

ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...