နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ

နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ထဲသို့ ပြောင်းရွှေ့ ချုပ်နှောင်ထားကြောင်း သိရသည်။

နိုင်ငံရေးပုဒ်မအပြင် အခြားပုဒ်မအသီးသီးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၀၀ ခန့်နှင့် မတရား ဖမ်းဆီးခံထားရသော အရပ်သား ၂၀၀ ခန့် - စုစုပေါင်း ၄၀၀ ထက်မနည်းကို ပြောင်းရွှေ့ထားခြင်းဟု စစ်ကောင်စီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသော ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ဒေသခံတွေနဲ့ အကျဉ်းသားတွေကို လူသားဒိုင်းကာအနေနဲ့ ချုပ်ထားတာလို့ ယူဆရတယ်။ အေအေဘက်က နပခကို သိမ်းဖို့ ထိုးတိုက်တဲ့အချိန်ကို ရောက်လာရင် သူတို့ကို လူသားဒိုင်းကာအနေနဲ့ အသုံးပြုနိုင်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အကျဉ်းသားများနှင့် အရပ်သားများအား နပခဌာနချုပ်ထဲသို့ ပြောင်းရွှေ့ချုပ်နှောင်ထားသဖြင့် လုံခြုံရေးနှင့် ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

မတရားဖမ်းဆီးထားသည့် အရပ်သားများထဲတွင် အမ်းမြို့နယ် အောက်ရွာ၊ လုံးရွာ၊ ကျောက်စကွဲ၊ ရွာသာယာ၊ မဲကြီးချောင်း၊ မီးလောင်ချောင်း စသည့်ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ကျော်မှ ဒေသခံများ ပါဝင်ကြောင်း သိရသည်။

AA ထိုးစစ်မှာ မြို့ပေါ်အထိ ထိုးဖောက်လာနေ၍ စစ်ကောင်စီက နပခဌာနချုပ်တွင် ခြံစည်းရိုး၊ ကတုတ်ကျင်း၊ ဘန်ကာများ အခိုင်အမာဖြင့် ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

“မြေအောက်ခန်း အခိုင်အမာဆောက်ထားသလို ဂျန်မာစက်တွေလည်း တပ်ဆင်ထားတယ်။ မောင်တောမှာ နခခ (၅) ကို လုပ်ထားသလိုမျိုး အခိုင်အမာလုပ်ထားတာ။ နပခကို ရတဲ့နည်းနဲ့ ခုခံကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားပြီ။ နှစ်ဘက်တိုက်ပွဲကတော့ ဆက်ပြင်းလာဖို့ပဲ ရှိတယ်” ဟု မြေပြင်စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောသည်။

 

အမ်းမြို့နယ်တွင် နပခအပါအဝင် တပ်ရင်းတပ်ခွဲ ၁၈ ခုရှိသည့်အနက် တပ်ရင်းခွဲ ၈ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး AA ထံ လက်နက်ချ အညံ့ခံလာသည့် စစ်ကောင်စီတပ်သား ၈၀၀ ခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် ပဲပဒုံတံတားဂိတ်၊ နပခနှင့် ၅ ဖာလုံခန့်ဝေးသည့် လေယာဉ်ကွင်းအနီးနှင့် အောက်ရွာတံတား အနီးတို့၌ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...