ပင်လည်ဘူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းပညာရေးကိုစွန့်ခွာမှုများပြားလာနေ

ပင်လည်ဘူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းပညာရေးကိုစွန့်ခွာမှုများပြားလာနေ

တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို စွန့်ခွာမှုများပြားလာနေပြီး ကလေးငယ်တွေဟာ တိုင်းရင်းသားစာပေအပြင်  မြန်မာစာ တတ်မြောက်မှုနှုန်း ကျဆင်းလာနေတယ်လို့ ပညာရေးဌာနကလူတွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပင်လည်ဘူးမြို့နယ်အတွင်းက အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေအများစုဟာ ကျောင်းပညာရေးထက် လုပ်ခစျေးနှုန်းမြင့်မြင့်မားမားရတဲ့ ရွှေမျှောလုပ်ငန်းတွေကိုသာ သွားရောက်လုပ်ကိုင်ဖို့ ဆန္ဒပြင်းပြနေပြီး ကျောင်းပညာရေးစွန့်ခွာလာကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောင်းတွေလဲ သိပ်မနေချင်ကြတော့ဘူး၊ ကလေးတွေကိုတောင် တစ်လ ၅ သိန်းပေးနေတော့၊ ရွှေမျှောအလုပ်က နေချင်သလိုနေရတယ်၊ ကျောင်းပညာရေး သိပ်စိတ်မဝင်စားကြတော့ဘူး၊ လူကောင်က ကြီးလာပြီ ကျောင်းကမနေရဆိုတော့ ရွှေမျှောထဲပဲ သွားကုန်ကြပြီ၊ ဒီမှာဖြင့် ရွှေမော်တွေ စဖြစ်နေကြပြီ။ အိုးမြေကုန်းရွာ ၊ မိကျောင်းအင်းရွာ၊ မြို့မဘက်ကနေ ကျွန်းလှသဖမ်းဆိပ်ဘက်တွေအစုံပဲ” လို့ ပင်လည်ဘူးမြို့ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပင်လည်ဘူးမြို့နယ်မှာ ၂၀၂၁ ခုနှစ်အကုန် စာရင်းအရ ကျောင်းသား/သူပေါင်း တစ်သောင်းနှစ်ထောင့်ငါးရာကျော်ရှိခဲ့ပေမယ့် လက်ရှိမှာ ကျောင်းသား/သူ ထောင်ဂဏန်းခန့်သာ ရှိတော့တာလည်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကစလို့ မြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ကျောင်းတွေပိတ်ထားရပြီး CDM ဆရာ/မတွေ  ဦးစီးသင်ကြားတဲ့ NUG ရဲ့ ပညာရေးကျောင်းတချို့သာ ဖွင့်လှစ်သင်ကြားနေတာ ဖြစ်ပါတယ်။

“ သူများဘက်တော့ ဖွင့်လိုရတဲ့နေရာဖွင့်ကြတယ်၊ ငါတို့ဆီတော့ ဒီလ ၃၀ ရက်နေ့ကိုများ စဖွင့်ပေးနိုင်မလားမသိဘူး။ သင်ပေးစေချင်ပြီလေ။ ဒီမှာ ရှမ်းနီစာသင်ပေးတဲ့ ဆရာတွေလဲ သိပ်မရှိဘူး၊ အရင်လိုမဟုတ်တော့ပါဘူး၊  မော်ဆွန် (ဆရာ/မ)တွေလဲ သိပ်မရှိကြတော့ဘူး၊ ရှမ်းစာမဆိုထားနဲ့ မြန်မာစာသင်တဲ့ ဗမာဆရာတောင် မလုံလောက်ဘူး ”  လို့ ပင်လည်ဘူးဒေသခံတစ်ဦးက ပြောပါတယ်။

မြို့နယ်တွင်း ပညာရေးကိုလက်ကျန် CDM ဆရာ/မ များဦးစီးကာ သင်ကြားပေးနေကြပြီး ဝန်ထမ်းမလုံလောက်မှုတွေကြောင့် အခက်အခဲများစွာရှိနေတယ်လို့လည်း ပင်လည်ဘူးဒေသခံ CDM ဆရာတစ်ထံမှ သိရှိရပါတယ်။

လက်ရှိ ပင်လည်ဘူးမြို့ကို  NUG ရဲ့  PDF တွေနဲ့  တော်လှန်ရေးပူးပေါင်းတပ်တွေက  တိုက်ခိုက်သိမ်းပိုက်စိုးမိုးထားပြီး  အုပ်ချုပ်ရေး၊  ပညာရေး၊ လုံခြုံရေး စတဲ့ ကဏ္ဍတွေကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...