အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရသူ ၆ ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရသူ ၆ ဦး ဒေါနတပ်ရင်းထံ အလင်းဝင်
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)

စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး လက်နက်နှင့်အတူ အလင်းဝင်ခဲ့ကြောင်း မွန်ပြည်နယ် ရေးဒေသတွင်စစ်ရေးလှုပ်ရှားနေသည့် တောင် ပိုင်းတိုင်းစစ်ဒေသခွဲ အမှတ်(၃)၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းထံမှ သိရသည်။

“ဧရာဝတီ၊ ရန်ကုန် အစုံပါတယ်။ ရေတပ်ကတယောက်က အလုပ်ရှာနေရင်း အလုပ်ရမယ် သင်္ဘောလိုက် ရမယ်ဆိုပြီး အညာခံရတာပေါ့။ ဒီရောက်မှ စစ်မှုထမ်းစုဆောင်းတဲ့အထဲ ပါသွားတာ။ နောက်လူတွေက တော့ စစ်မှုထမ်းအပတ်စဉ်(၁)နဲ့(၂)က မဲနှိုက်ပြီးပါခဲ့တဲ့သူတွေ”ဟု ဒေါနတပ်ရင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်မှုထမ်းဉပဒေဖြင့် အဓမ္မစုဆောင်းခံရသူများ ဒေါနတပ်ရင်းထံအလင်းဝင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသူခြောက်ဦးတွင် တဦးသည် MA1 တလက်၊ ကျည်ဘောက်သုံးခု၊ ကျည် ၁၆၁ တောင့် ယူ ဆောင်လာခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်သားသေဆုံးမှုနှင့် CDM ဝင်ရောက်မှုများပြားခဲ့သည်။ တပ်အင်အား လျော့သွားခြင်းကြောင့် စစ်စခန်းများ၊ တပ်ရင်းများ၊ တိုင်းစစ်ဌာနချုပ်များ၊ မြို့များကျဆုံးခဲ့သည့်အတွက် စစ်သည် အင်အားပြန်လည်ဖြည့်တင်းနိုင်ရန် အတင်းအကြပ်စစ်မှုထမ်းစေသည့် စစ်မှုထမ်းဥပဒေတရပ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီး ဧပြီလမှစတင်ကာ တသုတ်လျှင်တပ်သားအသစ် ၅,၀၀၀ ခေါ်ယူ လျက်ရှိသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများကို စစ်မှုထမ်းရန် အတင်းအကြပ်ဖိအားပေးနေပြီး စစ်မှုမထမ်းလိုသော လူငယ်များထွက်ပြေးတိမ်းရှောင်ကြသလို အဓမ္မစုဆောင်းခံရသဖြင့် တပ်ထဲဝင်ရောက်ခဲ့ရသူများသည်လည်း အခြေနေပေါ်မူတည်ကာ ထွက်ပြေးနေကြသည်။

ပုံညွှန်း – အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)

စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
March 2, 2026
လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ...
ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...
February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...