ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိနေ

ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိနေ
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် BGB တပ်ဖွဲ့ဝင်များအား  ၂၀၂၂ ခုနှစ်အတွင်းက နယ်စပ်တစ်နေရာ၌ တွေ့ရစဉ်။  ဓာတ်ပုံ - AFP
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် BGB တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်အတွင်းက နယ်စပ်တစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အများအပြားရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများထဲ စစ်ဘေးရှောင်များ၊ ကုန်သည်များ၊ မူးယစ်ဆေးဝါး မှောင်ခိုသမားတို့ ပါဝင်သည်။ ပြီးခဲ့သည့်လအတွင်း ဖမ်းဆီးခံရသူ ထောင်နှင့်ချီရှိခဲ့ပြီး အရေးယူမှုများ၊ ခံဝန်လက်မှတ်ထိုး လွတ်ပေးခြင်းနှင့် အချို့ကိုလည်း တရားဝင်လွှဲပြောင်းပေးမှုများ ရှိခဲ့သည်။

“ဖမ်းဆီးခံရတာတော့ ပြီးခဲ့တဲ့လတုန်းကဆိုရင် အရမ်းများတယ်။ ထောင်ချီရှိခဲ့တယ်။ အဓိကတော့ ရခိုင်ဖက်က စစ်ဘေးရှောင်လာသူတွေ ပိုများတယ်” ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်၊ တက်ကနာအခြေစိုက် နယ်ခြားစောင့်တပ် (BGB) ၏ နိုဝင်ဘာ ၇ ရက် ထုတ်ပြန်ချက်အရ အောက်တိုဘာလအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၁,၃၂၆ ဦးရှိခဲ့ပြီး ယင်းအထဲမှ အိန္ဒိယနိုင်ငံသား ၂၈ ဦးကို ဥပေဒအရအရေးယူကာ မြန်မာနိုင်ငံသား ၁,၂၉၈ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများထံမှ ရွှေ၊ အထည်၊ စက်သုံးဆီ၊ အလှကုန်၊ မူးယစ်ဆေးဝါး များအပြင် သေနတ်၊ လက်ပစ်ဗုံးနှင့် ခဲယမ်း ဖမ်းဆီးရမိမှုလည်း ရှိနေသည်။ BGB ထုတ်ပြန်ချက်အရ အောက်တိုလအတွင်း တာကာငွေ ၂၂၅.၈၈ ကုဋေတန်ဖိုးရှိသည့် မှောင်ခိုကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

“ရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နယ်စပ်ဒေသလုံခြုံရေးကို လုပ်ဆောင်ဖို့ အခက်အခဲရှိတယ်။ အာရက္ခတပ်တော်ဘက်ကလည်း ထိန်းသိမ်းဆောင်ရွက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ နေရာတိုင်းကို ထိန်းချုပ်ကိုင်တွယ်ဖို့က အခက်အခဲတွေ ရှိနေသေးတယ်။ ဒါကြောင့်လည်း ဒီကိစ္စတွေဖြစ်နေတာ” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၅ ရက်နေ့တွင် AA က ဖမ်းဆီးခဲ့သည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် AA တို့ ဆွေးနွေးပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အာရက္ခတပ်တော်က ဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ်ကလည်း ဆောင်ရွက်လျက် ရှိသည်။

သို့သော် ဒေသတွင်းစစ်ရေးများကြောင့် နယ်စပ်ဒေသလုံခြုံရေးနှင့် ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များရှိနေသေးဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ ရှိနေခြင်းလည်း ဖြစ်သည်။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...