AA ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦး ပြန်လည်လွတ်မြောက်

AA ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦး ပြန်လည်လွတ်မြောက်
နိုဝင်ဘာလ ၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ။   ဓာတ်ပုံ - Dhaka Tribune
နိုဝင်ဘာလ ၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ။ ဓာတ်ပုံ - Dhaka Tribune

AA က ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က AA နှင့် ဆက်သွယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်ရက်အကြာ၌ ယခုကဲ့သို့ ပြန်လွတ်လာကြခြင်းဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၇ ရက်၊ ကြာသပတေးနေ့ ညနေ ၄ နာရီခန့်တွင် အာရက္ခတပ်တော်က ၎င်းတို့အား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း တက်ကနာအခြေစိုက် BGB တပ်ရင်း (၂) မှ ဗိုလ်ကြီး မိုဟူဒင်းအာမက်၏ လက်မှတ်ဖြင့် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ငါးဖမ်းသမားများနှင့်အတူ AA က သိမ်းဆည်းသွားသည့် စက်လှေ ၁၅ စီးကိုလည်း ပြန်လည်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငါးဖမ်းသမားများသည် နိုဝင်ဘာလ ၅ ရက်နေ့က ဘင်္ဂလားပင်လယ်အော်တွင် ငါးဖမ်းနေစဉ် မြန်မာရေပိုင်နက်ထဲသို့ ကျော်လွန်ဝင်ရောက်သွားသည့်အတွက် အာရက္ခတပ်တော်က ဖမ်းဆီးကာ စက်လှေများကိုပါ သိမ်းဆည်းသွားခြင်း ဖြစ်သည်။

“အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေနဲ့ သူတို့နဲ့ စက်လှေတွေကို ခိုးဝင်မှုနဲ့ ထိန်းသိမ်းသွားတာဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ငါးဖမ်းသမားတွေဟာ ပြန်လွတ်ပြီး ရောက်ရှိလာကြပါပြီ” ဟု မိုဟူဒင်းက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာစစ်ကောင်စီ၏ ရေတပ်သည် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၈ ဦးနှင့် စက်လှေ ခြောက်စီးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့၏ ပစ်ခတ်မှုကြောင့်လည်း ငါးဖမ်းသမား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သူတို့အားလုံးကို မြန်မာရေတပ်က နောက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

အာရက္ခတပ်တော်ကလည်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို အခါအားလျော်စွာ ဖမ်းဆီးမှုများ ရှိသည်ဟု ဒေလီစတားသတင်း တစ်ရပ်တွင်ဖော်ပြထားသည်။

အောက်တိုဘာလ ၇ ရက်နေ့ မွန်းတည့်ချိန်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်အတွင်းရှိ အာရက္ခရေပိုင်နက်တွင်းသို့ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ငါးဦးကို AA က ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို ယာယီထိန်းသိမ်း စစ်ဆေးခဲ့ပြီး နောက်ထပ် ယခုကဲ့သို့ ခိုးဝင်ငါးဖမ်းမှုများ မပြုလုပ်ရန် လက်မှတ်ရေးထိုးစေကာ ၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း AA က နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...